ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင် လှကြည် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇွန် ၂၃
ရန်ကုန်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင် လှကြည်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း Dagon Seikkan PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော် C ဘလောက် ၁ လမ်းတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင် လှကြည်ကို Dagon Seikkan PDF က သေနတ်ဖြင့် ၁၂ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“သူက အရင်တုန်းက ၉၃ ရပ်ကွက် အုပ်ကြီးဟောင်းပါ အခု လက်ရှိမှာတော့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စီမံ အုပ်ချုပ်ရေး ကော်မတီဝင်ပါ ဒီည ၇ နာရီ ၃၀ မိနစ်မှာ သေနတ်သမား တွေက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်လို့ သေနတ်ကျည် ၆ ချက်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်