26 C
Yangon

မူဆယ်တွင် ၂ ရက်ဆက်တိုက် ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး အပါအဝင် စစ်သား ၂ ဦးသေဆုံး၊ လားရှိုးတွင်လည်း ဗုံးပေါက်ကွဲ

Must read

မူဆယ်တွင် ၂ ရက်ဆက်တိုက် ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး အပါအဝင် စစ်သား ၂ ဦးသေဆုံး၊ လားရှိုးတွင်လည်း ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဇွန် ၂၃

ရှမ်းပြည်နယ်၊ မူဆယ်မြို့တော်တွင် ၂ ရက်ဆက်တိုက် ပစ်ခတ်မှုဖြစ်ပြီး စစ် တပ် ဘက်မှ ဗိုလ်မှူး အပါအဝင် ၂ ဦးသေဆုံးကြောင်း ဒေသ သတင်း ရင်းမြစ် များနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

မူဆယ်မြို့ စက်မှု လမ်းဆုံတွင် ယနေ့ည ၇ နာရီ ၃၅ မိနစ်အချိန် ပစ်ခတ်မှု ဖြစ် ပွားခဲ့ပြီး စစ်တပ် ဗိုလ်မှူး ၁ ဦး အပါအဝင် ၂ ဦး သေဆုံးကြောင်း၊ ယမန် နေ့က လည်း မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မူလတန်းလွန်ကျောင်းရှေ့တွင် စစ်ကားနှင့် ပြည်သူ့စစ်ကားကို လက်နက်ကိုင်တစ်ဖွဲ့တစ်ခုက ပစ်ခတ်သဖြင့် လူ ၁ ဦးသေ ဆုံးကြောင်း သိရှိရသည်။

“ဒီနေ့ည မူဆယ် စွမ်စော်ဘက်၊ စက်မှုလမ်းဆုံဘက်မှာ ပစ်ခတ်မှုဖြစ်တယ်။ စက်မှုလမ်းဆုံဘက်မှာက မှားပစ်ကြတာ။ ဆေးရုံမှာ ဗိုလ်မှူး တစ်ဦးနဲ့ ပြည်သူ့ စစ် ၁ ဦး သေဆုံးတယ်လို့ သိရပါတယ်။ မနေ့ကလည်း ပစ်ခတ်မှုဖြစ်တယ်။ ဟို နား ရပ်ကွက်ထဲမှာ ပစ်ကြတယ်။ အဲဒီမှာ လူ ၁ ဦး သေတယ်” ဟု မူဆယ်မြို့မှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ဒေသရင်းမြစ် 7 Stars News တွင်လည်း စစ်တပ်နှင့် ပြည်သူ့စစ် ပစ်ခတ်မှု ဖြစ် ပြီး ဗိုလ်မှူး ၁ ဦးနှင့် ပြည်သူ့စစ် ၁ ဦးသေဆုံးကြောင်း မျက်မြင်များကို ကိုး ကား၍ သတင်းဖော်ပြထားသည်။

အလားတူ ဇွန်လ ၂၃ ရက်နေ့ ည ၈ နာရီခွဲအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိးမြို့၊ ရပ်ကွက် ၁ ၊ နယ်မြေ ၉ ၊လားရှိး – မန္တ လေး သွားကားလမ်းပေါ်ရှိ အာသောက စက်သုံးဆီဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသည်။

အာသောကစက်သုံးဆီဆိုင်ကို ဆိုင်ကယ်ဖြင့် ဗုံးပစ်ခတ်သွားခြင်းဖြစ်‌ပြီး စက်သုံး ဆီဆိုင်တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းစက်သုံးဆီဆိုင်သည် စစ်တပ် နှင့်ပတ်သက်သော အသိုင်းအ၀ိုင်းက ပိုင်ဆိုင်သော ဆီဆိုင် ဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article