27 C
Yangon

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၅၆ ရပ်ကွက်နှင့် ၇၀ ရပ်ကွက်ရှိ နေအိမ် ၁၃၀ ကျော်ကို စစ်တပ်က ၁ လ အတွင်း အတင်းအဓမ္မ ဖယ်ရှားခိုင်း

Must read

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၅၆ ရပ်ကွက်နှင့် ၇၀ ရပ်ကွက်ရှိ နေအိမ် ၁၃၀ ကျော်ကို စစ်တပ်က ၁ လ အတွင်း အတင်းအဓမ္မ ဖယ်ရှားခိုင်း

ရန်ကုန်၊ ဇွန် ၂၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ၅၆ ရပ်ကွက်နှင့် ၇၀ ရပ်ကွက်ရှိ နေအိမ် ၁၃၀ ကျော် ကို အကြမ်းဖက် စစ်တပ်က ၁ လအတွင်း ဖယ်ရှားခိုင်း​​ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ၅၆ ရပ်ကွက် ချမ်းမြသာ စည်လမ်းနှင့် ၇၀ ရပ်ကွက် အနော်ရထာလမ်း အကြားရှိ နေအိမ် ၁၃၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ၁ လ အတွင်း ဖယ်ရှားရမည်ဟု အကြောင်းကြားစာများ လာရောက် ပို့ဆောင် သွားကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားစာတွင် မြေနေရာများသည် စည်ပင်သာယာရေး ကော်မတီပိုင် မြေများ ဖြစ်သောကြောင့် ကျူးကျော် ဆောက်လုပ်သည်ဟုဆိုကာ ဇူလိုင်လ ၂၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် စစ်တပ်က ပြောဆိုသွားကြောင်း၊ ယင်းမြေနေရာပေါ်တွင် နေထိုင်သော ပြည်သူ အများစုသည် NLD အစိုးရ လက်ထက် ထုတ်ပေးထားသော Smart Card ကိုင်ဆောင် ထားသူ များဖြစ်ပြီး အခြေခံ လူတန်းစားများဖြစ်ကြောင်း၊ နေအိမ်များ ဆောက်လုပ်ထားသော မြေနေရာမှာ လည်း စည်ပင်ပိုင်မြေမဟုတ်ဘဲ လယ်သမားပိုင်မြေများဖြစ်ကြောင်း သိရှိရသည်။

“မိုးတွင်းကြီးကို အတင်းအဓမ္မ ဖယ်ရှားခိုင်းတာ အားလုံး အခက်အခဲတွေရှိနေချိန် ဒီလိုကြီး လုပ်တာ အသေသတ်နေသလိုပဲ။ ဖယ်ခိုင်းတာက နေအိမ် ၁၃၀ ကျော်လောက်ရှိမယ်။ အဲဒီအထက်လည်း များ နိုင်တယ်။ လူဦးရေ ၇၀၀ ကျော်လောက်ရှိတယ်။ စစ်တပ်၊ ရဲ၊ စည်ပင်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ အကုန် ပါတယ်။ ဖယ်ရှားခိုင်းဖို့ လာပြောတုန်းက ဒီနေရာက အရင် လယ်သမားပိုင် မြေ ကွက်တွေပါ။ အဲဒါကို စည်ပင်က သူ့မြေဆိုပြီး လာဖျက်ခိုင်းတာ စစ်တပ်က နောက် ဆုံးရက် မရောက်ခင် အပြီး ဖယ်ရှားပေးရမယ်လို့ပြောသွားတယ်ဗျ ပြည်သူအများစုဆီမှာ NLD အစိုးရ လက်ထက်က ထုတ် ပေးထားတဲ့ Smart Card တွေရှိတယ်။ သန်း ခေါင် စာရင်းတွေလည်း လုပ်ထားတဲ့သူတွေရှိတယ်။ ကျနော်တို့ဘယ်မှာသွားနေရမလဲ မသိဘူး။ စားဖို့ တောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ အခြေခံ လူတန်းစားတွေပါ။ ဒီမှာနေထိုင်လာတာ ၁၀ နှစ်လောက်ရှိပြီ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က နေအိမ်များကို အတင်းအဓမ္မ ဖျက်ခိုင်းသည့်စာနှင့် အဖျက်ခံရတော့မည့် ပြည်သူများ၏ နေအိမ်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article