27 C
Yangon

ဖားဆောင်းမြို့အနီး စစ်တပ် စခန်းပေါ်သို့ စစ်ကောင်စီ တိုက်လေယာဉ်က မှားယွင်းဗုံးကျဲသဖြင့် တပ်ရင်းအလိုက် သေဆုံးထိခိုက်မှုများပြား၊ အလောင်းများ နှင့်ဒဏ်ရာရသူများကို ခလရ ၅၄ တပ်ထဲသို့ ရဟတ်ယာဉ်ဖြင့် သယ်ယူ

Must read

ဖားဆောင်းမြို့အနီး စစ်တပ် စခန်းပေါ်သို့ စစ်ကောင်စီ တိုက်လေယာဉ်က မှားယွင်းဗုံးကျဲသဖြင့် တပ်ရင်းအလိုက် သေဆုံးထိခိုက်မှုများပြား၊ အလောင်းများ နှင့်ဒဏ်ရာရသူများကို ခလရ ၅၄ တပ်ထဲသို့ ရဟတ်ယာဉ်ဖြင့် သယ်ယူ

ရန်ကုန်၊ ဇွန် ၂၄

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အသံလွှင်ရုံတံတားအနီးရှိ စစ်တပ်စခန်းပေါ်သို့ စစ်ကောင် စီ\ တိုက် လေယာဉ်ဖြင့် မှားယွင်းဗုံးကျဲခဲ့ရာ တပ်ရင်းအလိုက် သေဆုံးထိခိုက်မှု များပြားပြီး ဒဏ်ရာ ရသူများကို ခလရ ၅၄ တပ်ထဲသို့ ရဟတ် ယာဉ်ဖြင့် သယ်ယူနေကြောင်း KNDF တပ်ရင်း ၉ မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောကြာသည်။

ဇွန်လ ၂၂ ရက် ညသန်းခေါင်ယံအချိန်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် ၀၀ နာရီ ၂၅ မိနစ်ခန့်အချိန် စစ်တပ်နှင့် ကရင်နီတပ်များ တိုက်ပွဲ ဖြစ်ပွားကြောင်း၊ ယင်းနောက် စစ်တပ်က အထိနာသဖြင့် လေကြောင်းမှ လာရောက်ဗုံးကျဲရာတွင် ဖားဆောင်းအသံလွှင့်တံတားအနီးရှိ စစ်တပ် စခန်းပေါ်သို့ မှားယွင်းဗုံးကျဲချကြောင်း၊ တပ်ရင်းစခန်းပေါ်သို့ ဗုံးတည့်တည့်ကျသဖြင့် စစ်သားများ ထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့ပြီး အလောင်းနှင့် သေဆုံးဒဏ်ရာရ စစ်သားများကို ခလရ ၅၄ တပ် ထဲသို့ ရဟတ်ယာဉ်ဖြင့် သယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

“ဇွန်လ ၂၂ ရက်နေ့ ညမှာ တိုက်ပွဲဖြစ်တာ၊ ဖားဆောင်းအသံလွှင့်တံတားနားမှာရှိတဲ စစ်တပ်စခန်းကို လေယာဉ်နဲ့ ဗုံးမှားကျဲချတာ၊ တပ်ရင်းလိုက် အကုန်အပြုတ်တယ်။ အဲဒီစခန်းက အရင်ကတည်း ကရှိတာပါ၊ သူတို့က ဖားဆောင်းထဲလည်းဝင်ချင် တယ်၊ ဝင်မရဘူး၊ မယ်စဲ့ဘက်လည်း စစ်ကြောင်းထိုးမရဖြစ်နေတာ၊ အဲဒီဖားဆောင်းကနေ ရဟတ်ယာဉ်နဲ့တနေ ကုန်သယ်နေတာ၊ ခလရ ၅၄ တပ်ထဲကို၊ အသေတွေ အကျိုးအကန်းတွေကို ရသလောက်ပြန်သယ်နေတယ် ” ဟု KNDF တပ်ရင်း ၉ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထိုသို့ ထွက်ပေါက်ပိတ်မိသော အကြမ်းဖက်စစ်တပ်က ပြည်သူလူထုနေထိုင်ရာ ဒေါရိုရွာကို ဇွန်လ ၂၃ ရက် နံနက် ၄ နာရီခန့်က လေကြောင်းမှတစ်ဆင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ မယ်စဲ့မြို့နယ် စခန်းသိမ်းတိုက်ပွဲအတွင်း၌လည်း KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

“မယ့်စဲ့မှာက ပူးပေါင်းတပ်ဖွဲ့က တစ်ဦးကျတယ်၊ ပွဲကလည်း မပြီးသေးတော့ အတည်ပြု လို့ တော့မရသေးဘူး၊ အဖွဲ့ကလည်း သုံးလေးဖွဲ့ပေါင်းတိုက်တာ၊ မယ်စဲ့မှာက ခွေးစစ်တပ်စခန်းက ၂ ခုပဲ ကျန်တော့တယ်၊ ခွေးသေတွေကတော့ သုံးလေးကောင်ပဲ မြင်တယ်လို့ ပြောတယ်၊ ထိုင်းဘက် ဘက်ကို ထွက်ပြေးသွားကြတာ၊ လက်နက်တွေကတော့ အများကြီးရထားတယ်၊” ဟု KNDF တပ်ရင်း ၉ မှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ တရုတ်လုပ် တိုက်လေယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article