30 C
Yangon

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို KIA၊ PDF ပူးပေါင်းအဖွဲ့ မိုင်းဆွဲပစ်ခတ်၊ စစ်ကား ၁ စီး မှောက်ပြီး စစ်သား အနည်းဆုံး ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မနကျေးရွာနှင့် တောင်နီကျေးရွာကြားတွင် ယမန်နေ့ မတ်လ ၈ ရက် ည ၇ နာရီ ဝန်းကျင်တွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး တိမ်းမှောက်သွားကာ စစ်သား အနည်းဆုံး ၁ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီ စစ်ကား ၁၃ စီးယာဉ်တန်းနဲ့ မြစ်ကြီးနားဘက်ကိုသွားတာ။ မနေ့ည ၇ နာရီ ၁၂ မိနစ်မှာ မိုင်းဆွဲပြီးတော့ ပစ်ခတ်မှုက နာရီဝက်လောက်ကြာတယ်၊ စစ်ကား ၁ စီး ပက်လက်လန်သွားတယ်၊ စစ်သား ၁ ယောက် သေတယ်၊ ထိတဲ့လူတွေ ရှိဦးမှာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်တပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုကြောင့် တောင်နီကျေးရွာရှိ အများပြည်သူ နေအိမ်များ ကျည်ထိမှန်ခဲ့ပြီး လူထိခိုက်မှုရှိ၊ မရှိကို ကနဦး မသိရှိရသေးပေ။

မိုင်းဆွဲခံရ၍ ပက်လက်လန်သွားသော စစ်ကားကို ညတွင်းချင်း အခြားစစ်ကားများဖြင့် ဆွဲသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article