26.7 C
Yangon

ရေစကြိုမြို့ပေါ်တွင် ကင်းပတ်နေသော စစ်သားများကို တိုက်ခိုက်မှု တပ်ကြပ်ကြီး ဇော်မင်း အပါအ ဝင် ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ကင်းပတ်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ဇော်မင်း အပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြို ပကဖက ထုတ် ပြန်သည်။

ဇွန်လ ၁၇ ရက် နံနက် ၈ နာရီခန့်က ရေစကြိုမြို့ပေါ်တွင် ကင်းပတ်ထွက်လာသော စစ်သား ၂၀ ခန့် ကို ရေစကြိုမြို့တောင်ဖျား ၂၀၀၀ ပြည့်ရပ်ကွက် အနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစ ကြို ပကဖ မှ ရဲဘော်များက အနီးကပ်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ နီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ခလရ ၂၅၆ တပ်ရင်းမှ တပ်ကြပ်ကြီး ဇော်မင်းအပါအဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သားများမှာ မြို့တွင်းသို့ ပြန်လည် ဆုတ်ပြေးသွားကြောင်း၊ ယင်း တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျည်ထိမှန် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article