26.7 C
Yangon

မုံရွာမြို့ပေါ်တွင် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ပြီးနောက် စစ်တပ်က မြို့ကို ပိတ်ဆို့၍ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေ

Must read

ရန်ကုန်၊ ဇွန် ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်က မြို့ကို ပိတ်ဆို့၍ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့ပေါ်တွင် စစ်တပ်က အစစ်အဆေးများ၊ နှင်းဆီပန်း ဝယ်ယူသူများ၊ သယ်ယူခွင့်များကို ပိတ်ဆို့ထားသည့် ကြားမှ ပြည်သူလူထု၏ အကူအညီဖြင့် နှင်းဆီလှုပ်ရှားမှုကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လှုပ်ရှားမှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်က မုံရွာမြို့ပေါ်တွင် လက်ရှိညပိုင်းအထိ ပိတ်ဆို့ စစ်ဆေးမှုများ၊ လိုက်လံ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေပြီး မြို့နေ ပြည်သူများ နှင်းဆီလှုပ်ရှားမှုတွင် မပါဝင်နိုင်ရန် ပုံသဏ္ဍန်မျိုးစုံဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရှိရသည်။

ထို့ကြောင့် မုံရွာမြို့ခံ ပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုပြုကာ အကြမ်းဖက်စစ်တပ်ကြောက်သည့် နှင်းဆီလှုပ်ရှားမှုကို ညဏ်နှင့်ယှဥ်၍ ပါဝင် တော်လှန်ကြရန် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

“မြို့ထဲမှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်သွားတာ သိလားဆိုပြီး စစ်ခွေးတွေက လိုက်မေးပြီး ရှာဖွေနေတယ်။ အခုညထိ စစ်ခွေးတွေ မြို့ပေါ်မှာ ခြေရှုပ်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နှင်းဆီ လှုပ်ရှားမှုကို ဇွန်လ ၁၉ ရက်နေ့တွင် ပြည်တွင်း ပြည်ပ ပြည်သူတစ်ရပ်လုံး ဒေသနှင့် လုံခြုံရေးအခြေအနေများ အလိုက် နှင်းဆီပန်း (သို့မဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်ခြင်း၊ Online ကမ်ပိန်းအဖြစ် ပန်း ပန်ဆင်ထားခြင်း၊ ကိုင်ဆောင်ထားခြင်းများဖြင့် ပန်းဓာတ်ပုံများကို Social Media ပေါ်တွင် တင်ပြီး အွန်လိုင်းမှ ပါဝင်ခြင်း၊ မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ပါဝင်ခြင်းများ ပြုလုပ်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုက အသိပေးပြောဆိုထားသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article