22.9 C
Yangon

ဆားလင်းကြီး၊ ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူပြီး သံခွန် ၂ စီးဖြင့် မုံရွာကို တင်ဆောင်သွား

Must read

ဆားလင်းကြီး၊ ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူပြီး သံခွန် ၂ စီးဖြင့် မုံရွာကို တင်ဆောင်သွား

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူပြီး သံခွန် ၂ စီးဖြင့် မုံရွာကို တင်ဆောင်သွားကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်ပင်ကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်ပြီး သံခွန် ၂ စီးဖြင့် မုံရွာကို တင်ဆောင်သွားကြောင်း သိရသည်။

” စစ်ခွေးတွေက စက်ယန္တာယားတွေ ပြည်သူပိုင် ကားနဲ့ ခိုးရာပါ ပစ္စည်းတွေကို တင်ဆောင်ပြီး မုံရွာကို ပြန်လည်ဆုတ်ခွာသွားတာ တွေ့ရတယ်။ ညောင်ပင်ကြီးရွာမှာတော့ စစ်ခွေးတွေ တပ်စွဲထားပြီး မီးရှို့မှုတွေ ဆက်တိုက်လုပ်နေတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ညောင်ပင်ကြီးရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း အသိမ်းခံရပြီးနောက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ညောင်ပင်ရွာ၌ တပ်စွဲကာ မုံရွာမှ မြေတူးကားများယူဆောင်ပြီး လမ်းများကို ဖျက်ဆီးကာ နေအိမ်များကို ဇွန်လ ၁၆ ရက်နေ့ထိ ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article