27 C
Yangon

ရေဦးတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျွဲ ၃ ကောင် ထိမှန်ပြီး ဆန်စက်ဂိုဒေါင်တစ်လုံး ပျက်စီး၊ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသ များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်

Must read

ရေဦးတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျွဲ ၃ ကောင် ထိမှန်ပြီး ဆန်စက်ဂိုဒေါင်တစ်လုံး ပျက်စီး၊ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသ များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖိန်းကားကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်မှုကြောင့် ကျွဲ ၃ ကောင် ထိခိုက် ဒဏ်ရာရရှိပြီး အဆောက်အအုံတစ်လုံး ခေါင်မိုးပျက်စီးခဲ့ ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အ ကြမ်းဖက်စစ်တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ဖိန်းကား ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ နေအိမ်အနီးရှိ ကွင်းပြင်ထဲ၌ ကျရောက် ပေါက်ကွဲပြီး ကျွဲ ၃ ကောင် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊အလားတူ စူပါဖိုက် ဆန် စက်ပေါ်၌ လည်း လက်နက်ကြီး ကျည်တစ်လုံးကျရောက်ကွဲကာ သွပ်မိုးများနှင့် ကားတစ်စီးလည်း ထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက စစ်တပ်က မကြာခဏဆိုသလို ပြည်သူများနေထိုင်ရာ ကျေးရွာများနှင့် စစ်ဘေးရှောင် နေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ပြည်သူများ ထိမှန်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းနှင့် ပြည်သူ များပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုံးရှုံပျက်စီးရ ကြောင်း ပြောဆိုသည်။

“စစ်ခွေးတွေကတော့ ရမ်းသမ်းကို ပစ်နေတာ။ အဆိုးဆုံးက ညအချိန် မတော် တွေ မှာ ရွာတွေနဲ့ စစ်ရှောင်တွေဘက်ကို ရည်ရွယ် ချက်ရှိရှိ ပစ်တာတွေ လုပ် တယ်။ သူတို့ကို လာမတိုက်အောင်ရယ်၊ သူတို့ တပ်တွ ချထားတဲ့ ပတ်ပတ် လည်ကို အကုန် လိုက်ပစ်တာ” ဟု ရေဦးစစ်ဘေးရှောင်များကို ကူညီပေး နေသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article