26 C
Yangon

တမူးမြို့နယ်ရှိ စစ်တပ်၏ နဂါးမင်းသမီး တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ရွှေဘိုတွင် KTV မှ ပြန်လာသည့် ရဲကားကို မိုင်းဆွဲမှု ရဲ ၁ ဦးသေဆုံး

Must read

တမူးမြို့နယ်ရှိ စစ်တပ်၏ နဂါးမင်းသမီး တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ရွှေဘိုတွင် KTV မှ ပြန်လာသည့် ရဲကားကို မိုင်းဆွဲမှု ရဲ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နဂါးမင်းသမီး တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း တမူး PDF တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၄ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်မှ ၁၁ နာရီ ခွဲခန့်အထိ အင်အား ၃၅ ဦးခန့်ဖြင့် စခန်းချတပ်စွဲ ထားသော နဂါးမင်းသမီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ ၊ တမူးမြို့နယ်မှ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်း ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် မြင့်မြတ်စွာ အသက် ပေးလှူခဲ့ရကြောင်း သိရသည်။

“နဂါးမင်းသမီးတပ်စခန်းက တမူးမြို့ရဲ့အနောက်မြောက်ဘက်တောင့်လောက်မှာကျတာဗျ၊ ကျနော်တို့ က အသားစီးယူထားတဲ့အချိန်မှာ သူတို့က မြို့ထဲကနေ တပ်ကူတော်တော်များများရောက်လာခဲ့တော့ ထိတွေ့တိုက်ပွဲပိုပြင်းထန်ပြီးမှ ကျနော်တို့ဘက်က တစ်ယောက်ကျတာ၊ စခန်းသိမ်းလုနီးနီးတိုက်ပွဲဖြစ် နေတုန်း တပ်ကူတွေရောက်လာတာ၊ ကျနော်တို့ဘက်က မစိုးရိမ်ရ ဒဏ်ရာရတာ နှစ်ယောက်တော့ရှိတယ်၊ စစ်ခွေးက တော့ ၇ ကောင်အတိအကျသေတယ်” ဟု တမူး PDF တပ် ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ပွဲအတွင်း၌ စစ်ရှုံးလုနီးနီးဖြစ်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ကသည်းသူပုန် (Meitei UG) ၊ SNA ရှမ်းနီ၊ ပျူစောထီး၊ အကြမ်းဖက်စစ်သား အများအပြား အလုံးအရင်းဖြင့် စစ်ကူ ရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း တမူး PDF တပ်ရင်း ၄ မှ ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မြတောင်ရပ်ကွက်၊ မြတောင် ၈ လမ်းရှိ King KTV မှ ပြန်လာသော ရဲကားကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း Buffalo Soldier အဖွဲ့က ဗိုလ်ရာဇာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့တွင် King KTV မှ ပြန်လာသည့် ရဲ ၆ ဦးပါဝင်သော Crown ၁ စီးကို ညနေ ၄ နာရီ ၄၇ မိနစ်တွင် မြတောင် ၈ လမ်း အကြား၌ အဝေးထိန်းမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာစဥ် ရဲ ၃ ဦးက လိုက်လံ ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို Buffalo Soldiers Freedom Force (SBDF-2) အဖွဲ့နှင့် မဟာမိတ်ဖြစ်သော Black Wolf Army အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း Buffalo Soldier အဖွဲ့က ဗိုလ်ရာဇာကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article