FFD တပ်ဖွဲ့၏ တိုက်ခိုက်ရေး Drone အထူးတပ်ဖွဲ့ဝင်များ လေ့ကျင်ရေးဗဟို အပတ်စဥ် ၄ သင်တန်းဆင်းပွဲ ပြုလုပ်
ရန်ကုန်၊ ဇွန် ၂၆
Force for Federal Democracy (F.F.D) တပ်ဖွဲ့၏ တိုက်ခိုက်ရေး Drone အထူးတပ်ဖွဲ့ဝင်များ လေ့ကျင်ရေးဗဟို အပတ်စဥ် ၄ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Drone အထူးတပ်ဖွဲ့ဝင်များ အပတ်စဉ် ၄ သင်တန်းဆင်းပွဲကို ဇွန်လ ၆ ရက်နေ့တွင် အောင်မြင်စွာ သင်တန်းဆင်းခဲ့ပြီး ညီနောင် မဟာမိတ် အဖွဲ့အစည်းများ ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)၊ ဖာပွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဖာပွန်-ပကဖ)၊ တောကျီးကန်းခုနှစ်ကောင်စစ်ကြောင်း၊ ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်(BPDF)၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) နှင့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဉီး(ကလလတ-KNPLF) မှ သင်တန်းသားစစ်သည်များ သင်တန်းဆင်းခဲ့ကြောင်း သိရသည်။
သင်တန်း တက်ရောက်ခဲ့သော တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ စစ်ဒေသများ အလိုက် စစ်ဆင်ရေးများကို မဟာမိတ် ပူးပေါင်းတပ်များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက် စခန်းများ တိုက်ခိုက်သိမ်းပိုက်ခြင်းနှင့် ထောက်ပို့ယာဉ်လမ်းကြောင်းဖြတ်တောက်ခြင်းများကို FFD Drone Squad များမှ ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၆ ရက်နေ့တွင် သင်တန်းဆင်း ခဲ့သော်လည်း စစ်ရေး၊ လုံခြုံရေးအခြေအနေများအရ သတင်းမပေါက်ကြားစေလိုသော ရည်ရွယ်ချက်ဖြင့် သတင်းထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ယခု Drone အထူးတပ်ဖွဲ့ဝင်များ အပတ်စဥ် ၄ သင်တန်းဆင်း မဟာမိတ်တပ်ဖွဲ့များ၊ BPLA Drone သင်တန်းသားများနှင့် ပူးတွဲကာ ပြီးခဲ့သော 4K တပ်ပေါင်းစု၏ မယ်စဲ့၊ တောင်လှ၊ မယ်တနွယ် စခန်းသိမ်းတိုက်ပွဲများ တိုက်ခိုက်သိမ်းယူနိုင်ပြီးသည့် အချိန်ကို စောင့်ဆိုင်းကာ သတင်းထုတ်ပြန် ရခြင်းဖြစ်ကြောင်း Force for Federal Democracy (F.F.D) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။