33 C
Yangon

ပြည်တွင်း ရွှေနှင့်ဒေါ်လာစျေးကွက်တွင် အဝယ်သာရှိပြီး အရောင်းမရှိသဖြင့် စျေးနှုန်း ဆက်လက်မြင့်တက်၊ အခေါက်ရွှေတစ်ကျပ်သား ၃၃ သိန်းဝန်းကျင်နှင့် အမေရိကန်တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင်တွင် ပေါက်စျေးရှိနေ

Must read

ပြည်တွင်း ရွှေနှင့်ဒေါ်လာစျေးကွက်တွင် အဝယ်သာရှိပြီး အရောင်းမရှိသဖြင့် စျေးနှုန်း ဆက်လက်မြင့်တက်၊ အခေါက်ရွှေတစ်ကျပ်သား ၃၃ သိန်းဝန်းကျင်နှင့် အမေရိကန်တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင်တွင် ပေါက်စျေးရှိနေ

■ ထိုင်း ၁ ဘတ်လျှင် မြန်မာကျပ်ငွေ ၉၀ အထိ စျေးတက်လာပြီး ကျပ်ငွေ တန်ဖိုး ထိုးကျနေ

ရန်ကုန်၊ ဇွန် ၂၇

ပြည်တွင်းရွှေစျေးကွက်နှင့်ဒေါ်လာစျေးကွက်တွင် ဝယ်လိုအားသာရှိပြီး ရောင်း ချ သူ မရှိ ၍ စျေးနှုန်းများဆက်လက်မြင့်တက်ပြီး အခေါက်ရွှေ တစ်ကျပ်သား လျှင် ငွေကျပ် ၃၃ သိန်းဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၃၀၀ ကျပ်ဝန်းကျင်တွင် ပေါက်စျေးရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။

အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာနှင့်ရွှေစျေး မြင့်တက်မှုကို ကာကွယ်ရန် အတွက် ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ စီးပွားရေး သမားများကို လိုက်လံဖမ်း ဆီးလျက်ရှိရာ စျေးကွက်တွင် အရောင်းမရှိတော့ဘဲ ဝယ်လိုသူသာ များပြားနေ ကြောင်း စျေးကွက်အတွင်းမှ ကုန်သည်များက ပြောသည်။

“စျေးကွက်ရယ်လို့ကို မရှိတော့ဘူး။ ဝယ်ချင်သူတွေက နေ့တိုင်းဖုန်းဆက် မေးတယ်။ ရောင်းသူလည်းမရှိဘူး။ ဒေါ်လာစျေးကွက်ရော လိုက်ဖမ်းနေလို့ ငြိမ်နေကြတယ်။ ဒေါ်လာ စျေးတန်းတောင် မှန်းဖွင့်ပြီး လုပ်နေရတယ်။ အဝယ် အရမ်းများတယ်။ အရောင်းမရှိဘူး။ ငွေလဲကောင်တာတွေမှာလည်း ဒေါ်လာ မရဘူး။ ရောင်းလည်း မရောင်းဘူး။ စျေးတန်းက တစ်ဒေါ်လာ ၃၃၀၀ ကျပ်ဝန်း ကျင်ရှိတယ်။ အဲဒါ အတက်ပဲရှိလိမ့်မယ်။ အကျတော့ မရှိဘူး” ဟု ဒေါ်လာဝယ် ရောင်းလက်ကား ဒိုင်တစ်ဦးက ဆိုသည်။

အလားတူ ရွှေစျေးကွက်တွင်လည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၂ သိန်း ၅ သောင်းမှ ၃၃ သိန်း ဝန်းကျင်တွင် ပေါက်စျေးရှိသော်လည်း အဝယ်သာရှိပြီး အရောင်းမရှိကြောင်း၊ ရွှေဝယ်လိုသူများက ငွေကျပ် ၃၃ သိန်းကျော် ပေး၍ လိုက်လံဝယ်ယူမှုများရှိနေကြောင်း သိရှိရသည်။

“ပေါက်စျေးကတော့ တစ်ကျပ်သားကို ၃၂ သိန်း ၅ သောင်းကျော်ရှိတယ်။ ဒါပေမယ့် စျေးကွက်မှာ လိုက်ဝယ်ရင် မရဘူး။ ပေါက်စျေးထက် တစ်ကျပ် သားကို ၅ သောင်းကျော်လောက်ပိုပေးရတယ်။ အဲဒါတောင် လိုချင်တိုင်း မရပါ ဘူး။ ရောင်းသူစိတ်ကြိုက် စျေးကွက်ဖြစ်နေတယ်။ စျေးကွက်ပြင်ပမှာပဲ နားလည်မှုနဲ့ အရောင်းအဝယ်လုပ်ကြတယ်။ စျေးကွက်ထဲမှာက ဖမ်းနေလို့ ” ဟု ရန်ကုန်တိုင်းရွှေကုန်သည်တစ်ဦးက ဆိုသည်။

ထိုင်း-မြန်မာငွေလဲစျေးကွက်တွင်လည်း ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၉၀ ကျပ်ဝန်းရှိလာပြီး မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၁၁၂၀ ဝန်းကျင် သာရတော့ကြောင်း သိရှိရသည်။

“ကျပ်ငွေက စျေးက ထိုးကျနေတယ်။ ဘတ်ငွေက တက်နေတယ်။ ဒီပုံစံအတိုင်း ဆက်တက်နေရင်တော့ ပစ္စည်း တင်ပို့တာတွေ ရပ်ရတော့မယ်။ အဓိက ငွေလဲ နှုန်း မှာ မြန်မာကျပ်ငွေက မတည်ငြိမ်ဘဲ ထိုးကျနေတာကြောင့် ခဏ စောင့်ရ မယ့်ပုံရှိတယ်” ဟု မြ၀တီမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article