28 C
Yangon

NUG ပြည်ထောင်စုဝန်ကြီး ၃ ဦးနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင် ပင်ခံတို့ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှု အားကောင်းရေး ဆွေးနွေး

Must read

NUG ပြည်ထောင်စုဝန်ကြီး ၃ ဦးနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင် ပင်ခံတို့ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှု အားကောင်းရေး ဆွေးနွေး

ရန်ကုန်၊ ဇွန် ၂၇

အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး အပါအဝင် NUG ဝန်ကြီး ၃ ဦးသည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet နှင့်တွေ့ဆုံကြောင်း အမေရိကန်ဘက်က တရားဝင် သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၄ ရက်နေ့တွင် NUG ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ဇော်ဝေစိုး၊ ဦးထင်လင်းအောင်၊ ဦးမိုးဇော်ဦးတို့ ၃ ဦးနှင့် အမေရိကန် နိုင်ငံခြား ရေး အတိုင်ပင်ခံတို့တွေ့ဆုံကြခြင်းဖြစ်ပြီး ဒီမိုကရေစီလှုပ်ရှားမှု အားကောင်း စေရေး ၊ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများအတွက် အရေးအပေါ် အကူ အညီများ ပေးရေးတို့အတွက် ဆွေးနွေးကြကြောင်း သိရှိရသည်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုသည် ရလဒ်ကောင်းများဖြင့် ထိရောက် အကျိုးရှိ သော တွေ့ဆုံဆွေးနွေးမှုဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က ၎င်း၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article