35 C
Yangon

Breaking News- ပုလဲမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သံဃာ တော် ၁ ပါးအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး၊ ထွက် ပြေးသည့် ရွာသားများကို တိုက်လေယာဉ် ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်

Must read

Breaking News- ပုလဲမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သံဃာ တော် ၁ ပါးအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး၊ ထွက် ပြေးသည့် ရွာသားများကို တိုက်လေယာဉ် ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်

ရန်ကုန်၊ ဇွန် ၂၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ညောင်းကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာ ကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ရာ သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့်စေတီများပါပျက်စီး သွားကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန် ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခြင်းဖြစ်ကြောင်း ၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် ဘုရား စေတီများပါ ပျက်စီးခဲ့ရကြောင်း၊ လာရောက်ပစ်ခတ်သည့် တိုက်လေယာဉ် သည် မန္တလေး တံတာဦးလေတပ်မှဖြစ်ကြောင်း သိရှိရသည်။

“လေယာဉ်နဲ့ ပစ်တာက ချင်ပြစ်ရွာနဲ ာင်ကုန်းရွာကို ပစ်တာ။စက်လက်နက် တွေနဲ့လည်းထုတယ်။လေယာဉ်ပေါ်ကနေ ဗုံးသီးအကြီးတွေလည်းချတယ်။ချင်ပြစ်ရွာကတော့ ရွာရဲ့အနောက်ဖက် တာရိုးကုန်းကို ဗုံးသီးအကြီးတွေ ၄လုံးချတယ်။အထိအခိုက်ကတော့ တောကပြန်လာတဲ့ အမျိုးသမီး၂ ဦးဗုံးစ ထိမှန်တယ်။ နောက်ညောင်ကုန်းကတော့ ရွာပေါ်တည့်တည့်ကို ဗုံးသီးအကြီး တွေ၃ လုံးချတယ်။ ၁လုံးက ဘုန်းကြီးကျောင်းပေါ်ကျတယ်။ ကျောင်းပါပျက်စီး သွားတယ်။ဘုရားတွေလည်းပျက်စီးတယ်။နောက်ဗုံးသီး၂လုံးကတော့ ဘုန်းကြီး ကျောင်းအနီးက ကိုစိုးကြီးတို့နေအိမ်ပေါ်တစ်လုံးရယ်၊ နောက်ထပ်တစ်လုံးက တစ်ခြားနေအိမ်ပေါ်တစ်လုံးကျတယ်။ကိုစိုးကြီးတို့မိသားစု ၄ ဦးကတော့ နေ ရာတင် သေသွားဗျ။ ဘုန်းကြီးလည်းနေရာတင် ပျံလွန်တော်မူတယ်။ နောက် တစ်လုံးကျ တဲ့အိမ်ကလည်းမိသားစု ၄ ဦးနေရတင်သေတယ်။နောင် တစ်ဦး ကတော့ ဆေးရုံရောက်မှသေသွားတယ်။သေတဲ့သူကစု စု ပေါင်း အမျိုးသမီး ၃ ဦး၊အမျိုးသား၆ဦးနဲ့ဘုန်းကြီးတစ်ပါးဖြစ်တယ်”ဟု ညောင်ကုန်းရွာ သားတစ်ဦး ကပြောသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်က ထွက်ပြေးသည့် ကျေးရွာသားများကို လေယာဉ် ပေါ်မှာ စက်လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ရွာပေါ်ဗုံးသီးတွေကျလို့ ကြောက်လန့်ပြီးရွာအပြင်ထွက်ပြေးတဲ့ အရပ်သား တွေကိုလည်း စစ်ကောင်စီက လေယာဉ်ပေါ်ကနေ စက်လက်နက်နဲ့ ပစ်ခတ် တာတွေရှိခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦးကျော်ကျည်ထိမှန် ထားတယ်။ စစ်ကောင်စီရဲ့ဗုံးသီးချတိုက်ခိုက်တာကြောင့် ‌ညောင်ကုန်းရွာမှာရှိတဲ့ အရပ် သား ပြည်သူနေအိမ်၈လုံးမီးလောင်ပျက်စီးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ယနေ့ ဇွန်လ ၂၇ ရက် ညနေ ၃ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေး ရွာ တောင်ပိုင်းရှိ ဘုန်းကြီးကျောင်းအပါအဝင် အနီး အနားရှိနေအိမ် ၁၃ လုံးမီး လောင်ပျက်စီးခဲ့ကြောင်း၊ ဗုံးကျဲခံရမှုကြောင့် သံဃာတော် ၁ ပါး အပါအဝင် အသက် ၁၈ နှစ်မှ ၇၀ ကြားရှိ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၀ ခန့် အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများတွင် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း သိရသည်။

“အသံကြားတာနဲ့ ဖုန်တွေ၊ သဲတွေလွင့်လာတာ၊ ကလေးတွေနဲ့အတူ မှောက် နေပြီးတော့ အသံငြိမ်တဲ့ အချိန်မှာ ဘုန်းကြီးကျောင်းထဲကို ပြေးတာ၊ ဘုန်းကြီးကျောင်းက နှစ်ကျောင်းရှိတာ၊ မြောက်ကျောင်းကို ပြေးလိုက်တာ၊ ခဏလောက်ကြာတော့ နောက်ထပ်အသံထပ်ကြားရတာ၊ အသံကြားရပြီးတော့ မီးလုံး တွေ မြင်ရတာ၊ မီးလုံးတွေမြင်ရပြီးတော့ ခဏအသံငြိမ်အောင်စောင့် ပြီးတော့ ရွာထဲကို ပြန် လာတယ်၊ ပြန်လာတော့ အိမ်ကရှေ့ဇောင်းလေး နည်း နည်း မီးလောင်တယ်၊ လက်နက်ကြီးမှန်လို့ အပေါ်ကနေ ကျ လိုက်တဲ့ သွပ် ပေါက် တွေရှိတယ်၊ ဒါပေမယ့် ဘုန်းကြီးကျောင်းကတော့ လုံးဝပျက်စီးသွားပြီ၊ ဘုန်းကြီး ကျောင်းမှန်းသိသိကြီးနဲ့ပစ်တာ၊ နိမ့်နိမ့်လေးနဲ့ကို ပစ်သွားတာ၊တော်တော်တော့ မိုက်ရိုင်းတယ်” ဟု ဒေ သနေပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဘုန်းကြီး ကျောင်းနှင့် ဘုန်းကြီး ကျောင်း အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၁၃ လုံးမီး လောင်သွားကြောင်း၊ ကျေးရွာနေပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပျံလွန်တော်မူသွားသည့် ဆရာတော်မှာ ကလေးမြို့၌ ကျောင်း ထိုင်နေသည့် ဆရာတော်ဖြစ်ပြီး ကျေးရွာသို့ ခေတ္တ ပြန်လာပြီး ညီမ တော်စပ် သူတစ်ဝမ်းကွဲနေအိမ်သို့ အလည်သွားနေ စဉ် ဗုံးကျဲခံရခြင်း ဖြစ် ကြောင်း၊ ဗုံးကျဲခံရသည့် ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်မှာ အခြား ကျေးရွာတစ်ရွာသို့ သွားရောက်နေစဉ် ဗုံးကျဲခံရသဖြင့် လွတ် မြောက် သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးတစ်ပါးလည်းပါတယ်၊ အိမ်က ညီမအငယ်ဆုံးလေးရဲ့ အမျိုးသား လည်း ပါသွားတယ်၊ တစ် အိမ်ထဲမှာ ၅ ယောက်ပြောပါတော့ ၊ ညီအစ်ကိုအရင်း ၃ ယောက်နဲ့ မောင်နှမတစ်ကွဲ ၂ ယောက်၊ အဲဒီ အိမ်ဝင်းထဲအနေနဲ့ပြောရရင် ၇ ယောက်ဆုံးသွားတာ၊ နောက်ထပ်တစ်ယောက်ကတော့ လက်ပြတ်ပြီး ကျောင်း ထဲ သယ်လာနိုင်သေးတယ်၊ ကျောင်းထဲရောက်မှ ဆုံးသွားတာ၊ ကျန်တဲ့လူတွေ ကတော့ ရုပ်ပျက် ဆင်းပျက်ပဲ၊ အခုနောက်ထပ်က ဒီနှစ်ပဲ NUG ကနေ ဆယ် တန်း အောင်ထားတဲ့ ကောင်မလေးလဲ ဆုံး သွားပြီလို့ သတင်းလှမ်းပို့ တယ်၊ ဆေးရုံသွားနေတုန်းလမ်းမှာဆုံး သွားတာ” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယခုညပိုင်းအထိ ဗုံးကျဲခံရသည့် ဘုန်းကြီးကျောင်းအပါအဝင်အနီးရှိ နေအိမ် များအပြင် မီးစွဲလောင် နေသည့် မန်ကျည်းပင်၊ သစ်ပင်များကို ရွာသူရွာ သားများမှ ဝိုင်းဝန်းမီးငြှမ်းသတ်နေရကြောင်း သိရသည်။

“လေယာဉ်သံကိုမကြားလိုက်ရဘူး၊ လက်နက်သံပဲကြားလိုက်ရတာ၊ ဂျက်ဖိုက် တာ လို့ပြောတယ်၊ တောင် ဘက်ဆီကနေလာပြီးတော့ သုံးလေးခေါက်လောက် လာပြီးတော့ ပစ်သွားတာ၊ အိမ်တွေကတော့ လုံးဝ ပြာကျတယ်၊ ဒဏ်ရာရတဲ့ အထဲက နောက်ထပ်တစ်ယောက်ကလည်း စိုးရိမ်ရတဲ့အခြေအနေဆိုတော့ သေမယ်လို့ထင်တယ်၊ ဆေးရုံဆေးခန်းကလည်း သွားရတာ မလွယ်တော့၊ ကလေးတွေက ဒဏ်ရာရတာ လောက်ပဲရှိတယ်၊”ဟု ဒေသနေပြည်သူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article