29.5 C
Yangon

စစ်အာဏာရှင်ကို တော်လှန်ရန် မြို့ပြစစ်ဆင်ရေး သာမက တိုင်းအဆင့် အထိ ပါ စစ်ဆင်ရေး ဆောင်ရွက်တော့မည်ဖြစ်၍ ပြည်သူအားလုံး ပူးပေါင်းပါဝင် ကြ ရန် ဗိုလ်အယ်စေးဝါး တိုက်တွန်း

Must read

စစ်အာဏာရှင်ကို တော်လှန်ရန် မြို့ပြစစ်ဆင်ရေး သာမက တိုင်းအဆင့် အထိ ပါ စစ်ဆင်ရေး ဆောင်ရွက်တော့မည်ဖြစ်၍ ပြည်သူအားလုံး ပူးပေါင်းပါဝင် ကြ ရန် ဗိုလ်အယ်စေးဝါး တိုက်တွန်း

ရန်ကုန်၊ ဇွန် ၃၀

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်ရာတွင် မြို့ပြစစ်ဆင်ရေးသာမက တိုင်းအဆင့်အထိပါ စစ်ဆင်ရေး ဆောင်ရွက်တော့မည်ဖြစ်၍ ပြည်သူများ အား လုံး ပူးပေါင်းပါဝင်ကြရန် Lion Battalion Commando စစ်ကြောင်း ခေါင်း ဆောင် ဗိုလ်အယ်စေးဝါး တိုက်တွန်းပြောဆိုလိုက်သည်။

လက်ရှိ တော်လှန်ရေးခရီးသည် ၂ နှစ်ကျော် ၃ နှစ်ကာလအတွင်း ရောက် ရှိ လာပြီး ခရီးအတော် ရောက်ရှိနေပြီဖြစ်ကြောင်း၊ တော်လှန်ရေးကာလ စိတ် ဓာတ်ကျစရာ၊ စိတ်ထိခိုက်စရာများ ရှိသကဲ့သို့ အားငယ်ရသည့် အချိန် တချို့ လည်း အားလုံးတွင် ကိုယ်စီရှိကြကြောင်း၊ သို့ရာတွင် ပြည်သူများ အနေဖြင့် စိတ်ပျက်အားငယ်နေစရာမလိုဘဲ စစ်အာဏာရှင်တော်လှန်ရေး အတွက် အား လုံး ဆက်လက် တိုက်ပွဲဝင်ကြရမည်ဖြစ်ပြီး ပန်းတိုင်သည်လည်း လက်တစ် ဖက် ကမ်းတွင်ရှိနေကြောင်း၊ မြို့ပြစစ်ဆင်ရေးသာမက တိုင်းအဆင့် အထိပါ စစ်ဆင်ရေး ဆောင်ရွက် နိုင်မည်ဖြစ်ပြီး လာမည့်နှစ် နွေရာသီကာလ တွင် စစ်ရေးဆိုင်ရာ အဖြေထွက်နိုင်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီအချိန်မှာ စိတ်ဓာတ်ကျစရာလည်းမလိုဘူး၊ စိတ်ခွန်အားပျက်စီးစရာ လည်းမလို ဘူး၊ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်နဲ့ ကျွန်တော်တို့လိုချင်တဲ့ အနာဂတ်နဲ့ ပန်းတိုင်တွေက သုံးချိုး နှစ်ချိုးလောက် ကျွန်တော်တို့ရပြီး ဖြစ်တဲ့ အတွက် ကျွန်တော်တို့တွေက တော်လှန်ရေးထဲမှာ ဒီ့ထက် စိတ်ဓာတ် ပြင်း ထန် မှု တွေ များပြားလာရမယ်၊လုပ်ဆောင်ချက်တွေလည်း ပိုပြီးတော့ တော် လာရမယ်”လို့ ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုက ကျင်းပသည့် ခွန် အားဖြည့်မိငယ်စကားဝိုင်းတွင် ဗိုလ်အယ်​စေးဝါးက ပြောဆိုသည်။

စစ်အာဏာရှင် တော်လှန်ရေးစတင်ချိန်က သေနတ် ၃ ၊ ၄ လက်ဖြင့် စတင် တိုက်ပွဲဝင် ရပ်တည်ခဲ့သော် လည်း ယုံကြည်မှု၊ ရပ်တည်ချက်ဖြင့် သွားသည့် အခါ လူငယ်များစွာ လက်နက်များစွာဖြင့် ရပ်တည်လာနိုင်ကြောင်း၊ လက်ခံ သည့် ပြည်သူများ၊ မောင်နှမများ၏ တွန်းအားပေးမှုဖြင့် ဆက်လက် ရပ်တည် နိုင်ကြောင်း ၊ ပြည်သူများအနေဖြင့် နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင် တိုက်ပွဲ ဝင်ကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ဆိုသည်။

“အလုပ်တစ်ခုကို ပြတ်ပြတ်သားသားကျွန်တော်တို့ လိုချင်တယ်။ မြို့ပြ စစ်ဆင် ရေး ဆက်သွားဖို့ရာ ကျနော်တို့ ပြည်သူတွေ တသွေးတည်း တသားတည်း တစည်း တည်းဖြစ်စေရမယ်လို့ ကျွန်တော် အဲလိုမျိုးလိုလားတယ်။” ဟု Lion Battalion Commando စစ်ကြောင်း ခေါင်းဆောင် ဗိုလ်အယ်စေးဝါး တိုက် တွန်း ပြောဆိုလိုက်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article