31 C
Yangon

အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဒီးမော့ဆိုကို ဗုံး ၆ လုံး ကျဲတိုက်ခိုက်၊ ခရစ်ယာန် ဝတ်ပြုဘုရားကျောင်းနှင့် သီလရှင်လူအိုရုံ ကြေမွပျက်စီး

Must read

ရန်ကုန်၊ မတ် ၁၀

အကြမ်းဖက်စစ်ကောင်စီသည် တိုက်လေယာဉ်များဖြင့် ယနေ့ မတ်လ ၁၀ ရက် နံနက် အစောပိုင်းတွင် တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ ဒေါငံခါးရပ်ကွက်ရှိ ခရစ်ယာန်ဝတ်ပြုဘုရားကျောင်းနှင့် သီလရှင် လူအိုရုံ အဆောက်အဦးများ ကြေမွပျက်စီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၆ နာရီ ၁၉ မိနစ်မှ ၆ နာရီ ၄၂ မိနစ်အတွင်း တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဒေါငံခါးရပ်ကွက်ရှိ ကတ်သလစ် ခရစ်ယာန် အိုမင်းမစွမ်း သီလရှင်ကြီးများ နေထိုင်ရာ၊ တရားကျင့်ရာ လူအိုရုံအပါအဝင် ဝတ်ပြုရာ ဘုရားကျောင်းပါ ကြေမွပျက်စီးသွားသည်ဟု ဒေသသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဖေဖေါ်ဝါရီလ ၁၅ ရက်မှ စတင်ကာ မိုးဗြဲ၊ နန်းမယ်ခုံမှ တဆင့် ဒီးမော့ဆိုသို့ အင်အားအလုံးအရင်း၊ သံချပ်ကာအမြှောက်ကားများ၊ အတွဲလိုက်ပစ်ခတ်နိုင်သော ၁၂၂ မမ လက်နက်ကြီးများ၊ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် စစ်ကြောင်းထိုးလာရာ လမ်းတလျှောက် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ မတ်လ ၉ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး KGZ စစ်ကြောင်းမှူး ဗိုလ်ဆော်ရယ်နှင့် ကယ်ဆယ်ရေး အမျိုးသမီးရဲဘော် ၁ ဦး ကျဆုံးကာ ၅ ဦး ခန့် ဒဏ်ရာရရှိခဲ့သည်။

Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article