27 C
Yangon

ပုဂံ-ညောင်ဦး ခရီးသည် ယာဥ်လိုင်းများကို စစ်တပ်က လိုသလို အသုံးပြုမည်ဟု ခေါ်ယူပြောဆိုပြီး ငြင်းဆန်သူများကို ယာဥ်လိုင်း ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်

Must read

ပုဂံ-ညောင်ဦး ခရီးသည် ယာဥ်လိုင်းများကို စစ်တပ်က လိုသလို အသုံးပြုမည်ဟု ခေါ်ယူပြောဆိုပြီး ငြင်းဆန်သူများကို ယာဥ်လိုင်း ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဇူလိုင် ၂

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံ-ညောင်ဦး ခရီးသည် ယာဥ်လိုင်းများကို စစ်တပ်က လိုသလို အသုံးပြုမည်ဟု ခေါ်ယူပြောဆိုပြီး ငြင်းဆန်သူများကို ယာဥ်လိုင်း ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်ကြောင်း ယာဥ်လိုင်းပြေးဆွဲ နေသူများ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့တွင် ပုဂံရွှေပြည် အဝေးပြေးကားကြီးကွင်းရှိ ပုဂံ-ညောင်ဦး ခရီးသည်တင် ယာဥ်လိုင်းများ အားလုံးကို မထသ ဂိတ်မှ အစည်းအဝေး ခေါ်ယူ ၍ ယာဉ်လိုင်းများ အားလုံးကို အကြမ်းဖက် စစ်တပ်ကို ငှားရမည်ဖြစ်ပြီး ယာဥ် လိုင်း များက ငြင်းဆန်ပါက ပေါ်တာဆွဲခြင်း၊ ယာဉ်လိုင်းကို ပိတ်သိမ်း ခြင်းများ ပြုလုပ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်အနေဖြင့် ၎င်းတို့၏ စစ်ကားများ သုံး၍ သွားမရသည့် ဒေသများကို ခရီးသည်တင် ယာဉ်လိုင်းများ အသုံးပြု၍ ခရီးသည်ကားများ ဟန်ဆောင်ကာ သွားလာရန် ယာဉ်လိုင်းများကို အတင်းအကျပ် ခိုင်းစေနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အစည်းအဝေးမှာ မထသဂိတ်က လူကြီးတွေက ပြောပါတယ်။ ခရီးသည်တင် ယာဉ်ငယ် ယာဉ်ကြီး အားလုံးကို အဲဒီ ယာဉ်လိုင်းတွေကို စကစက ငှားရမ်း မယ်ပေါ့။ ယာဥ်ကြီး ယာဥ်ငယ် ယာဥ်လိုင်းအားလုံးပေါ့နော် အလှည့်ကျ လိုက်ပို့ ပေးရမယ်ပြောပါတယ်။ အတင်းအကျပ်ပြောတာပါ။ တကယ်လို့ ယာဥ် လိုင်းတွေ က သူတို့ပြောတာကို ငြင်းဆန်ခဲ့မယ်ဆိုရင် ချောဆွဲပြီး ခေါ်မယ် ပြောတယ်ဗျ။ အဲဒီအပြင် ယာဥ်လိုင်းကိုပိတ်ပစ်မယ်လည်းပြောပါတယ်ဗျ” ဟု ယာဉ်လိုင်းတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးမှ ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၉ ရက်နေ့ကလည်း ပုဂံရွှေပြည် အဝေးပြေး ကားကွင်းထဲမှ Express ယာဉ်လိုင်းအသေး ၁ စီးကို ချောဆွဲခေါ်ဆောင်သွားပြီး မြင်းခြံဘက်သို့ စစ်သားများ ပို့ပေးခဲ့ရကြောင်း သိရသည်။

ယာဥ်လိုင်း အစည်းအဝေးတွင် မထသ လူကြီးများ ပြောကြားချက်အရ အကြမ်း ဖက် စစ်တပ်က ယာဥ်လိုင်းများကို မြင်းခြံမြို့ဘက် အသုံးပြုမည်ဖြစ်ကြောင်း၊ ယာဥ်လိုင်းများကို ငှားရမ်းရာတွင် ယာဉ်ပိုင်ရှင်များ တောင်းသလောက် ပေးမည် ဟူ၍လည်း ပြောဆိုပြီး ၎င်းတို့ ငှားရမ်းသည့် ယာဉ်များမှာ ပခုက္ကူမြို့ဘက် စစ်တပ် အဖွဲ့ကို လိုက်ပို့ပေးရမည်ဟူ၍လည်း ပြောဆိုကြောင်း ယာဉ်လိုင်းများနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article