21.1 C
Yangon

အမြင့်မြို့ဟောင်းမှ မုံရွာသို့ စုန်ဆင်းလာသည့် စစ်တပ် သင်္ဘော ၂ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

အမြင့်မြို့ဟောင်းမှ မုံရွာသို့ စုန်ဆင်းလာသည့် စစ်တပ် သင်္ဘော ၂ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အမြင့်မြို့ဟောင်းမှ မုံရွာမြို့သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘော ၂ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force မှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က အမြင့်မြို့ဟောင်းမှ မုံရွာမြို့သို့ ဆန်တက်လာ သည့် Speed Boat နှင့် ဖလက်ခွန်စက်လှေကို မိုးသည်းထည်စွာရွာသွန်းနေသည့် ကြားမှ ပြောင်း တိုက် လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှလည်း စက်သေ နတ် များ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အမြင့်ကနေ မုံရွာကို ပြန်လာတာပါ၊ မိုးရွာကြီးထဲ ပစ်ခဲ့ရပေမယ့် လက်နက်ကြီးတော်တော်များများကွဲပါ တယ်”ဟု Chindwin Attack Force မှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys) ၊ တပ်ခွဲ ၄ (5/Teachers People Defense Force PDF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Chindwin Attack Force တပ်ရင်း ၂ ၊ ၃၊ ၄ တို့ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် လက်နက်ခဲယမ်းများစွာလိုအပ် လျက်ရှိ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article