31 C
Yangon

ခရမ်းတွင် စစ်ကောင်စီသတင်းပေး ၂ ဦး အသတ်ခံရပြီးနောက် သန်လျင်တံတား၊ ကုလားဝဲတံတားနှင့်ခရမ်းမြို့တစ်ခုလုံးကို ပိတ်ဆို့ထား၊ ကားစီးရေ ရာချီပိတ်ဆို့ပြီး ပြည်သူများ သွားလာရခက်ခဲနေ

Must read

ရန်ကုန်၊ မတ် ၁၀

ရန်ကုန်တိုင်းခရမ်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရထားသူ ၂ ဦး အသတ်ခံရပြီးနောက် သန်လျင်တံတား၊ ကုလားဝဲတံတားနှင့် ခရမ်းမြို့တစ်ခုလုံးကို ပိတ်ဆို့ထားကြောင်း ၊ ကားစီးရေ ရာချီပိတ်ဆို့ပြီး ပြည်သူများ သွားလာရခက်ခဲနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီခွဲတွင် ခရမ်းမြို့နယ်မှ ၁၀ ရပ်ကွက်မှ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ မြင့်စိုးကို သေနတ်သမားတချို့က ပစ်ခတ်ခဲ့ပြီး ယနေ့နံနက် ၁၁ နာရီခန့် ရန်ကုန်ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီဝန်းကျင် ခရမ်းမြို့ ကွမ်းမိုးဒိန်းကျေးရွာမှ သော်ဇင်ဦး(ခ) ကိုချော ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ယင်းနောက် သန်လျင် တံတားကို နံနက်ခင်းပိုင်းကတည်းက ပိတ်ဆို့ထားပြီး ခရမ်းမြို့ အ၀င်အထွက်လမ်းများအားလုံးကို အကြမ်းဖက်စစ်တပ်က ယနေ့နေ့လည် ၁၂ နာရီမှစတင်ပြီး ပိတ်ဆို့လိုက်ကြောင်း၊ ခရမ်းမြို့နယ်၊ ရဲမွန််စစ်ဆေးရေးဂိတ်၊ ကရင်ကန်စစ်ဆေးဂိတ်၊ ဒေးပေါက်စစ်ဆေးရေးဂိတ်၊ သစ်တောစစ်ဆေးရေးဂိတ်၊ ဆည်မြောင်းဘက်၊ ကွမ်းမိုးဒိန်းဘက်တိုတွင် ယနေ့နေ့လည်ပိုင်းမှစတင်ပြီး ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

“သန်လျင်တံတားကတော့ မနက် ၁၀ နာရီကစပြီး ပိတ်ထားတာ။ ညနေ ၄ နာရီမှ ပြန်ဖွင့်ပေးမယ်ပြောတယ်။ အခုတော့ ပြည်သူတွေအားလုံး ဒုက္ခရောက်တာပေါ့။ နေပူကြီးထဲမှာ ကားတွေ ပိတ်ပြီး အတော်ဒုက္ခရောက်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ- သန်လျင်တံတားနှင့်ကုလားဝဲတံတား၊ ခရမ်းမြို့ ဂိတ်များ ပိတ်ဆို့ထား၍ ပိတ်မိနေသော ကားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article