26 C
Yangon

မင်းလှမြို့မ ရဲစခန်းတွင် ရဲအချင်းချင်း အရက်မူး ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ကြပ် ချစ်ထွေး သေဆုံး

Must read

မင်းလှမြို့မ ရဲစခန်းတွင် ရဲအချင်းချင်း အရက်မူး ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ကြပ် ချစ်ထွေး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၇

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မြို့မရဲစခန်းတွင် ရဲအချင်းချင်း အရက်မူး ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ကြပ် ချစ်ထွေး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းတွင် မင်းလှမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ကြပ် ချစ်ထွေးနှင့် စစ်ကွင်း နယ်မြေ ရဲစခန်းမှ ရဲတပ်သားတို့ အရက်မူးပြီး အကြွေးတောင်းရာမှ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ကြပ် ချစ်ထွေး ဗိုက်ကို ကျည်ထိမှန်ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

” ရဲတပ်ကြပ် ချစ်ထွေးနဲ့ စစ်ကွင်းရဲစခန်းက ရဲ ၁ ဦးက တရားရုံးကို အချုပ်သားသွားပို့ရင်း တရားရုံးမှာ တည်းက ရှေ့နေတွေနဲ့ အရက်သောက်ကြတာ အဲ့မှာကတည်းက ရဲ ၂ ကောင်လုံး မူးနေတာ အဲ့တာ မြို့မရဲစခန်းကိုပြန်ရောက်ပြီး ရဲတပ်ကြပ်ချစ်ထွေးက စစ်ကွင်းကရဲကို အကြွေးလာတောင်းတာ အကြွေးတောင်းတာက စသလိုလိုနဲ့ ဆဲတော့

စစ်ကွင်းကရဲက မပြောနဲ့ပြောတယ် အဲ့မှာ တပ်ကြပ်ချစ်ထွေးက စစ်ကွင်းကရဲကို ခြောက်သလိုလိုနဲ့ သေနတ်နဲ့ စရာကနေ စစ်ကွင်းကရဲက တကယ်ပစ်လိုက်တာ တပ်ကြပ်ချစ်ထွေး ဗိုက်တည့်တည့်ထိပြီး သွေးထွက်လွန် သေဆုံးသွားတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

သေဆုံးသွားသော ရဲတပ်ကြပ် ချစ်ထွေး အလောင်းကို မင်းလှဆေးရုံ ရေခဲတိုက်၌ ပို့ဆောင်ထားပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သော စစ်ကွင်းမြို့မှ ရဲ ၁ ဦးကို သာယာဝတီ ခရိုင် ရဲတပ်ဖွဲ့ရုံး၌ ဖမ်းဆီးထားကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article