26 C
Yangon

နတ်မောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းကို ဒရုန်း လေယာဥ်ငယ် ဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

နတ်မောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းကို ဒရုန်း လေယာဥ်ငယ် ဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၈

မကွေးတိုင်း၊ နတ်မောက်မြို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နတ်မောက်မြို့ အရှေ့ခြမ်း၌ အင်အား ၂၂ ဦးဖြင့် အောင်ချမ်းသာရွာနှင့်ကျောက်အိုးရွာအကြား စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံးပြီး ၁၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ခွေး ၂၂ ကောင်ကို အောင်ချမ်းသာရွာနဲ့ ကျောက်အိုးရွာ အကြားမှာ ခြေလျင် စစ်ကြောင်းထွက်လာတုန်း မိုင်းကွင်းထဲ ရောက်လာချိန် ဆွဲမိုင်း ၄ လုံး စိန်ပြောင် ၁ လုံးနဲ့ ဆွဲလိုက်တာ ၂ ကောင်ပဲ ပြန်ထနိုင်ခဲ့တယ်။ ၇ ကောင်က ချက်ချင်းသေတယ်။ ၂ ကောင်က ညနေ အရောက်မှာ ဆေးကုသနေရင်း သေတယ်။ ၁၁ ကောင်က အပြင်းအထန် ဒဏ်ရာရတယ်” ဟု ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော် လက်အောက်ခံ ကျားသစ်နက်တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ၊မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို မောင်းသူမဲ့လေယာဉ်၊ Rocket ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့- MSPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၈ ရက် နံနက် ၁၀ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲအများအပြားဖြင့် တပ်စွဲထား သော ကျောက်ရစ်ရဲစခန်းကို Fixed Win Drone များအသုံးပြု၍ Air Bomb ၄ လုံး၊ MSPDF ထုတ် တာ ဝေးပစ် Rocket ၁၀ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက်စစ်သားကို နေ့ချင်းသင်္ဂြိုလ်ပစ်ခဲ့ ကြောင်း သိရသည်။

“Rocket နဲ့ပစ်တာလည်း ထိတယ်၊ ဒရုးန်နဲ့ချတာလည်း သူတို့အပေါ်ကို တည့်တည့်ကျတယ်၊ ထိခိုက် ဒဏ်ရာရတာတော့ အများအပြားရှိတယ်၊ ထိခိုက်ဒဏ်ရာရတာက အတိအကျမသိရသေးတာပဲရှိတာ၊ ဗုံးသီးတွေတည့်တည့်ကျတော့ နောက်ပိုင်းခွေးတွေအပင်တွေပေါ်တက်နေကြတာလို့ သိရတယ်၊ ပြည်သူ တွေပြောတာတော့ ဒီနေ့ ကျောက်ရစ်သုဿန်မှာ ခွေးသင်္ဂြိုဟ် တာရှိတယ်၊ တစ်ကောင်သေတာပဲ အတိ အကျသိရတာ” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့- MSPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့- MSPDF စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း၊ CHU PD၊ မိတ္ထီလာခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ် တပ် မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article