28 C
Yangon

သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့ရှိ ရဲစခန်း ၂ ခုနှင့် လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ဓာတ်အားခွဲရုံ မီးလောင်ပျက်စီး

Must read

သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့ရှိ ရဲစခန်း ၂ ခုနှင့် လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ဓာတ်အားခွဲရုံ မီးလောင်ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၉

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ ရဲစခန်း ၂ ခုနှင့် လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တောင်ကလေးရဲစခန်းကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် cloud wings ဒရုန်းတပ်ဖွဲ့တို့မှ ရှေ့ထွက်မိုင်းများ၊ ဒရုန်းဗုံးသီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ရှေ့ထွက်မိုင်းများ၊ ၆၀မမ/ ၈၁မမ ဗုံးသီးများဖြင့် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် cloud wings ဒရုန်းတပ်ဖွဲ့တို့မှ ဆက်လက် ဖောက်ခွဲ တိုက်ခိုက်ခဲ့​ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြို့နယ် လျှပ်စစ် ဓာတ်အားခွဲရုံကို ဖောက်ခွဲ တိုက်ခိုက်စဥ်တွင် ဓာတ်အားခွဲရုံအတွင်းရှိ 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင် ပျက်စီးခဲ့ပြီး ခန့်မှန်း ငွေကျပ်သန်းပေါင်း နှစ်ထောင် (၂ ဘီလီယံကျပ်) ခန့် ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article