25 C
Yangon

စစ်ကိုင်းမြို့တွင် စစ်တပ်ထုတ်ကုန်မြန်မာဘီယာနှင့် Mytel ရောင်းချသော KTV နှင့်ဖုန်းဆိုင် ဗုံးခွဲခံရ၊ ကျိုက်ထိုနှင့်ရေးတို့တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်

Must read

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ နီလာဦး ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီ ထုတ်ကုန်များ ရောင်းချနေသည့် Classic 3 ဖုန်းဆိုင်နှင့် C One 9 KTV တို့ကို မတ်လ ၁ဝရက်နေ့ ည ၈နာရီ ၂ဝ မိနစ်ခန့်တွင် မြို့ပြ ပျောက်ကြားတပ်ဖွဲ့ ဖြစ်သော DK ညီနောင်အဖွဲ့က ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖုန်းဆိုင်နှင့် KTV တို့သည် အကြမ်းဖက် စစ်ကောင်စီ ထုတ်လုပ်သည့် ဘီယာနှင့် Mytel ဖုန်းဘေများ ဆင်းကဒ်များ ဆက်လက်ရောင်းချနေသည့်အတွက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DK ညီနောင်အဖွဲ့အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကင်မွန်းချောင်းလမ်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်မ ၄၄နှင့် တပ်မ ၄၄ လက်အောက်ခံ ခလရ ၉၆တို့ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မတ်လ ၁၀ရက်နေ့ ည ၈နာရီခန့်တွင် ၄ဝ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း နယ်မြေခံ သတင်းရင်းရစ်မြစ်များ ထံမှ သိရသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် အ.ထ.က (၂) ကျောင်းအနီး ယာဉ်ထိန်းရုံးရှေ့နှင့် သေနတ် ပစ်ဖောက်ခံများထွက်ပေါ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက စစ်ကား ၃စီးဖြင့် လက်ပြတိုးဂိတ်အနီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ် ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး နေအိမ်ကို မတ်လ ၁ဝရက်နေ့ ၅နာရီ ၄ဝမိနစ်ခန့်တွင် မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့ MSRO က အကြမ်းဖက် စစ်ကောင်စီ ထောက်တိုက်များကို ပထမဆုံး အကြိမ် သတိပေးသည့်အနေဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်း MSRO ထံမှသိရသည်။

ဓာတ်ပုံ- စစ်ကိုင်းမြို့တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာရောင်းချ၍ ဗုံးခွဲခံရသော KTV ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article