လောင်းလုံး PDF က စခန်းခွဲ ၁ ခု တိုးချဲ့ ဖွင့်လှစ်ပြီး အလံတင် အခမ်းအနား ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၉
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-LLPDF က စခန်းခွဲ ၁ ခု တိုးချဲ့ ဖွင့်လှစ်ပြီး အလံတင် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် စခန်းခွဲ ၁ ခု တိုးချဲ့ဖွင့်လှစ်ပြီး အလံတင် အခမ်းအနားပြုလုပ်ခဲ့ကြောင်း၊ စခန်းသစ် တိုးချဲ့ဖွင့်လှစ်ပွဲ အခမ်းအနားတွင် ကျဆုံးခဲ့သည့် အာဇာနည် သူရဲကောင်းများကို အလေးပြုခြင်း၊ သစ္စာအဓိဌာန်ပြုခြင်းနှင့် မိန့်ခွန်း ပြောကြားခြင်းများ ပြုလုပ်ပြီး ရဲဘော်များမား လက်ဖက်ရည်နှင့် မုန့်များ ကျွေးမွေး၍ စခန်းသစ် ဖွင့်လှစ်ကာ အလံတင် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။


