31 C
Yangon

ရန်ကုန်သုဝဏ္ဏ၊ စုပေါင်းမှတ်တိုင်ရှိ ကမ္ဘောဇဘဏ် ATM စက်ကို STA အဖွဲ့က မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီထံ ပြည်သူများ၏ဘဏ်ပိုင်းဆိုင်ရာ အချက်အလက်များ ပေးနေ၍ လက်တုံ့ပြန်ဟုဆို

Must read

ရန်ကုန်၊ မတ် ၁၁

ရန်ကုန်၊ သုဝဏ္ဏမြို့နယ်၊ စုပေါင်းကားမှတ်တိုင်ရှိ စစ်ကောင်စီလက်အောက်ခံ ကမ္ဘောဇဘဏ်၏ ငွေထုတ်စက် ATM ကို ယနေ့မတ်လ ၁၁ ရက် နံနက် ၄ နာရီခွဲတွင် Special Task Agency of Burma (STA) အဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

ကမ္ဘောဇဘဏ်သည် အကြမ်းဖက်စစ်ကောင်စီထံ သုံးစွဲသူအချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီထံ ထောက်ပံ့ပေးနေသောကြောင့် ယခုလို မီးရှို့တိုက်ခိုက်ခြင်းဖြစ်ကြောင်း STA က သတင်းထုတ်ပြန်သည်။

Special Task Agency of Burm အဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့များ၊ လက် ပါးစေများ၊ ထောက်တိုင်များကို ရှင်းလင်းဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် တိုင်း ပြည်၏ အချုပ်အခြာအာဏာ ပြည်သူ့လက်ထဲ ပြည်ရောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article