ရန်ကုန်၊ ဇန်နဝါရီ ၁၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာမှ ကိုဝင်းဇော်ဦးသည် ဇန်န ဝါရီလ ၁၇ ရက်နေ့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာတွင် PDFများရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်များက ဝင်ရောက်ပြီး စီးနင်းကာ ရမ်းကားပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ကိုဝင်းဇော်ဦးကို ကျည်ထိမှန်ပြီး ဒဏ်ရာရရှိကြောင်း၊ ဘီးလင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် လက်မခံ၍ သထုံဆေးရုံကြီးသို့ ပို့ဆောင်ရာ ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။
စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကိုဝင်းဇော်ဦးသည် ဇနီးနှင့်သားသမီး ၃ ဦးကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။