ရန်ကုန်၊ မတ် ၁၂
ကော့ကရိတ်မြို့နယ်၊ တောနော်ရေတံခွန်အနီး၊ အာရှလမ်းမပေါ်တွင် ယနေ့ မတ်လ ၁၂ ရက် နံနက်၌ ရွှေစင်စက်ြာ မှန်လုံယာဉ် အပါအဝင် ကား ၃ စီး မီးလောင်ကျွမ်းနေကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၈ နာရီကျော်ခန့်တွင် ကော့ကရိတ်မှ မြဝတီဘက်သို့ သွားသော ၁၂ ဘီးကား ၁ စီး မီးရှို့ခံရပြီး ရွှေစင်စက်ြာမှန်လုံယာဉ်နှင့် မြဝတီဘက်မှ ကော့ကရိတ် သို့ ဆင်းလာသော ၂၂ ဘီးကား ၁ စီးပါ မီးလောင်ကျွမ်းနေခြင်းဖြစ်သည်။
“ရွှေစင်စက်ြာက ခရီးသည် ၇ ယောက်ပါတယ်၊ ကားကတော့ မီးလောင်သွားပြီ၊ ကားသမားတော့ ထွက်ပြေးနေတယ်လို့ကြားတယ်၊ ခရီးသည်တွေတော့ မသိရသေးဘူး၊ နောက် မြဝတီက ဆင်းလာတဲ့ ၂၂ ဘီး ကွန်တိန်နာ ၁ စီးပါ မီးလောင်တယ်၊ ဒီမနက် စုစုပေါင်း ၃ စီး” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
ယနေ့နံနက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် အာရှလမ်းအတိုင်း ခြေလျင်ထွက်ခွာခဲ့ပြီး KNLA ပူးပေါင်းတပ်နှင့် အပြန်အလှန်ပစ်ခတ်နေကြောင်း ဒေသခံအချို့က ဆိုသည်။
ကော့ကရိတ်သတင်းရင်းမြစ်ကမူ “တောနော်နားမှာ စစ်တပ်က တဖက်သတ် ရမ်းသန်းပစ်နေတာ၊ တိုက်ပွဲမရှိဘူး” ဟု ရန်ကုန်ခေတ်သစ်သို့ ပြေဆိုသည်။
အာရှလမ်းမကြီး၊ မြဝတီ-ကော့ကရိတ် လမ်းအသုံးပြုမှု ခေတ္တ ရပ်နားကြပါရန် မြဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။
ယနေ့နံနက်ဖြစ်ပွားသော ကားမီးလောင်မှုဖြစ်စဉ်များနှင့် တိုက်ပွဲအသေးစိတ်ကို ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။