ဂန့်ဂေါခရိုင် PDF အမှတ် ၁၉ တပ်ရင်းက ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်း အနား ပြုလုပ်ပြီး စစ်အာဏာရှင် တော်လှန်ရေး ပြီးဆုံးတိုင်သည်အထိ တိုက်ပွဲဝင်ရန် ကတိပြု
ရန်ကုန်၊ ဇူလိုင် ၁၉
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် PDF အမှတ် ၁၉ တပ်ရင်းက ယနေ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ပြီး စစ်အာဏာရှင် တော်လှန်ရေး ပြီးဆုံးတိုင်သည်အထိ တိုက်ပွဲဝင်ရန် ကတိပြုကြကြောင်း သိရှိရသည်။
ယနေ့ အာဇာနည်နေ့ အခမ်းအနားတွင် PDF တပ်ဖွဲ့ဝင်များက အလံတစ်ဝက်လွှင့်ထူ အလေးပြုခြင်းများ ဆောင်ရွက်ပြီး ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများရှေ့တွင် တော်လှန်ရေး ပြီးဆုံးသည်အထိ တိုက်ပွဲဝင်ရန် ရဲရင့်စွာ ကတိပြုကြကြောင်း သိရှိရသည်