ရန်ကုန်၊ မတ် ၁၂
ရန်ကုန်လမ်းမပေါ်တွင် ၂၀၂၂ ခုနှစ် အတွင်းပျက်စီးကိန်းကြုံမည့် မင်းအောင် လှိုင်ကို နာမ်နှိမ်သည့်အနေဖြင့် ဆဲဆိုထားသော စာသားကို ဖြန့်ခင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြကြောင်း သိရှိရသည်။
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဝေဒပညာရှင်များညွှန်ကြားစီမံပေးသည့် အချိန်တွင် ‘ အကြမ်းဖက်ဖမ်းဆီး၊အာဏာသိမ်း၊လူသတ်မုဒိန်းကျင့်၊ဓားစာခံလုပ်၊အိမ်ယာသိမ်း၊မီးပျက်၊အင်တာနက်ဖြတ်၊ကုန်ဈေးနှုန်းတက်၊မီးရှို့၊လေယာဉ်သုံးဗုံးကြဲ မအေလိုး မင်းအောင်လှိုင် ‘ စာသားကို အင်း၊ စမများထည့်ကာ ရန်ကုန်-အင်းစိန်လမ်းမထက်တွင် ဖြန့်ခင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြောင်း သိရှိရသည်။
ထိုဝေဒပညာရှင်များ၏တွက်ချက်မှုအရ ၂၀၂၂ နှစ်အတွင်းတွင် မင်းအောင်လှိုင်နှင့်နောက်လိုက်များပျက်စီးကိန်းရှိသော်လည်း မြေပြင်အခြေအနေတွင် စည်း လုံး ညီညွှတ်စွာ နည်းလမ်းပေါင်းစုံနှင့်တိုက်ထုတ်နိုင်မှသာ ပြည်သူ့ရေးတော်ပုံမုချအောင်မြင်မည်ဖြစ်ကြောင်း ဟောပြောခဲ့ကြောင်း သိရှိရသည်။
Photo-OCTOPUS