27 C
Yangon

ထားဝယ်မြို့ပေါ်ရှိ ဝန်ကြီးများ အိမ်ရာကို လက်နက်ကြီးများဖြင့် တတိယအကြိမ် ပစ်ခတ် တိုက်ခိုက်၊ ရေဖြူ-ကလိန်အောင် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးသူ များပြား

Must read

ထားဝယ်မြို့ပေါ်ရှိ ဝန်ကြီးများ အိမ်ရာကို လက်နက်ကြီးများဖြင့် တတိယအကြိမ် ပစ်ခတ် တိုက်ခိုက်၊ ရေဖြူ-ကလိန်အောင် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးသူ များပြား

ရန်ကုန်၊ ဇူလိုင် ၂၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ ဝန်ကြီးများ အိမ်ရာကို လက်နက်ကြီးများဖြင့် တတိယအကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့ပေါ်ရှိ ဝန်ကြီးများ အိမ်ရာကို တော်လှန်ရေး တပ်ဖွဲ့များက ၈၁ မမ လက်နက်ကြီးများဖြင့် တတိယအကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝန်ကြီးများ အိမ်ရာကို တော်လှန်ရေး တပ်ဖွဲ့များက ၈၁ မမ စိန်ပြောင်း လက်နက်ကြီးဖြင့် ၇ လုံး ပစ်ခတ်ခဲ့ရာ ၇ လုံး ဝန်ကြီးများအိမ်ရာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဝန်ကြီးများနှင့် အတူ ၎င်းတို့၏ မိသားစုများ အော်ဟစ်ပြေးလွှားခဲ့ပြီး ထိခိုက်မှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-LLPDF နှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ရေဖြူ-ကလိန်အောင် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ သေဆုံးသူများပြားကြောင်း Dawei information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင် ၂၂ ရက်နေ့တွင် ရေဖြူ-ကလိန်အောင် လမ်းပိုင်းရှိ မိုင်တိုင် ၄၀ အနီး၌ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ယာဉ်တန်းသည် ရေဖြူဘက်မှတက်လာသည်ကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်ခံရမှုအပြီးတွင် အကြမ်းဖက် စစ်တပ်သည် ကျောက်ရှပ်-ကလိန်အောင် ကားလမ်းမတစ်လျှောက် သေနတ်ငယ်များနှင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး အနီးတဝိုက်ရှိ ဥယျာဉ်ခြံများအတွင်းသို့ ရမ်းသန်းပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦးထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားအများအပြားထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို ကံပေါက်ဆေးရုံသို့သယ်ယူသွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article