ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ စစ်တပ်က ထောင်ထားသည့်မိုင်း နင်းမိကာ ပြည်သူ ၁ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၃
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ တင်းချောင်းအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း CDF Kanpetlet ထံမှ သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မှ စတင်ကာ ၁ နာရီ ၃၀ မိနစ်ထိ ကန်ပက်လက်မြို့မှ တပ်ချိန်းပြီးပြန်လာသည့် အကြမ်းဖက် စစ်တပ်နှင့် CDF Kanpetlet တို့ ပါကွန်းကျေးရွာ အောက်ဘက်ရှိ တင်းချောင်းအနီးတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အများအပြား ဒဏ်ရာရရှိကာ ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိကာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း CDF Kanpetlet က ထုတ်ပြန်ထားသည်။