26 C
Yangon

သံဖြူဇရပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးပြီး KNLA ရဲဘော် ၂ ဦးကျဆုံး

Must read

သံဖြူဇရပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးပြီး KNLA ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ ဇူလိုင် ၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း၌ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး KNLA ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း ကျားဖြူတပ်ခွဲ ၁ ထံမှ သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် သံဖြူဇရပ်မြို့နယ်၊ ဝဲဝန်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာ သော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၄ လေ့ကျင့်ရေးတပ်၊ ၃၁၅ အမြောက်တပ်တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၇ ၊ ကျားဖြူစစ်ကြောင်းနှင့် ပဒဲကောအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင် စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင် ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် သံဖြူဇရပ်မြို့နယ်၊ အထက်ငှက်ပျော်တောသို့ စစ် ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၄ လေ့ကျင့်ရေးတပ်၊ ၃၁၅ အမြောက်တပ်မှ တပ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် အကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်ကြီးမင်းသိန်းခိုင် ခြေထောက် ၂ ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်း၊ KNLA တပ်ရင်း ၂၇ နှင့် ပဒဲကောအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNLA တပ်ရင်း ၂၇ မှ ရဲဘော်နှစ်ဦး တိုက်ပွဲအတွင်း မြင့်မြတ်စွာကျဆုံးခဲ့ရကာ သေနတ် ၂ လက် ဆုံးရှုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းတပ်ခွဲ ၁ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article