ရန်ကုန်၊ မတ် ၁၃
အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ၃၉၉ ရက်မြောက်အဖြစ် ဆန္ဒပြကြသည်။
သပိတ်စစ်ကြောင်း လှည့်လည်ရန် လူစုနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် အနီးဝန်းကျင်တွင် လှည့်ပတ်နေသဖြင့် အမြန် လူစုခွဲခဲ့ရကြောင်း သတင်းရရှိသည်။