ဘီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးသေဆုံးခဲ့ကြောင်း KNU-ဗဟို ထံမှ သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဘီးလင်းမြို့နယ်၊ အစူးချောင်းရွာနှင့် ခေါ်ထီးခီးရွာ အကြား စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တပ်မဟာ (၁) ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (K.N.D.O) တပ်ရင်း (၂) တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် KNDO တပ်ရင်း၂ တို့ ၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး KNDO တပ်ရင်း ၂ က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
နယ်မြေရှင်းလင်းရာတွင် အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးတပ်ကြပ်ကြီး၏ အလောင်းနှင့် အတူ ကျည်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ကျန်ရှိအလောင်းကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း ကေအဲန်ယူ – ဗဟိုက ထုတ်ပြန်ထားသည်။