26 C
Yangon

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ရဲစခန်းတွင် တပ်စွဲထားသော စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူ ၃ ဦးကို ပစ်သတ်၊ အလောင်းများကို ဖြစ်သလို ပစ်ထား

Must read

ရန်ကုန်၊ မတ် ၁၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရဲစခန်းတွင် တပ်စွဲထားသော စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူ ၃ ဦးကို ယမန်နေ့က ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာ ပြည်သူ ၃ ဦးကို ဖမ်းဆီးကြောင်း၊ အဆိုပါ လမ်းသွား လမ်းလာ ပြည်သူ ၃ ဦးမှာ ငှက်ပျော်ခုတ် အလုပ်သမားများဖြစ်ကြပြီး ၎င်းတို့တွင် ငှက်ပျောခုတ် ဓားပါလာသည်ကို PDF ဟုဆိုကာ စစ်တပ်က ဖမ်းဆီးနှိပ်စက်ကြောင်း၊ ယမန်နေ့ညပိုင်းတွင် ရွာပြင်ထုတ်၍ ပစ်သတ်လိုက်ပြီး အလောင်းများကို ပစ်ထားခဲ့ကြောင်း သိရှိရသည်။

“ငှက်ပျော်သီးခုတ်အလုပ်သမားတွေလို့သိရတယ်။ ငှက်ပျောခုတ်ဓားတွေ့ဖမ်းတယ်။ မနေ့တစ်နေ့လုံး နှိပ် စက်ပြီးတော့ ညဘက်မှာ ည၈ခွဲ၊ ၉နာရီ လောက်မှာရွာအပြင်ထုတ်ပြီးပစ်သတ်တာ။ စစ်တပ်ပစ်သတ်ခံရသူတွေက ဘယ်သူတွေလဲ ဆိုတာ အခုထက်ထိတော့ အတည်ပြုလို့မရသေးဘူး။ အလောင်းတွေကိုတော့ ဒီအတိုင်းပဲ ပစ်ထားတယ်။ အလောင်းယူမယ့်သူမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာရဲစခန်းရှေ့တွင် ယခုလက်ရှိ ဖြတ်သန်းသွားလာသော ကားများ၊ ဆိုင်ကယ်များကို တစ်စီးလျှင် ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ ကျပ်အထိ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်ထားသော လမ်းသွားလမ်းလာ ပြည်သူ ၃ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article