25 C
Yangon

ဗိုလ်တထောင်၊ ၄၅ လမ်းတွင် အမျိုးသမီးတစ်ဦး အပါအဝင် ကျောင်းသားလူငယ် များကို ဖမ်းဆီးပြီး ညတွင်းချင်း စစ်ကြောရေးပို့၊ အလွန်အမင်းညှဉ်းပန်းနှိပ်စက်ခံနေရသဖြင့် အသက်အန္တရာယ် အထူးစိုးရိမ်နေရ

Must read

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၄၅ လမ်းတွင် ကျောင်းသားလူငယ် ၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်း ၁၁ နာရီကျော်ဝန်းကျင်အချိန်တွင် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး လက်နက်ပစ္စည်းများ နှင့်အတူ ဖမ်းမိသည်ဟုစွပ်စွဲမှုများ ရှိနေကြောင်း၊ညတွင်းချင်း စစ်ကြောရေးပို့ပြီး နှိပ်စက်နေသဖြင့် အသက်အန္တရာယ် အထူးစိုးရိမ်နေရကြောင်း သိရှိရသည်။

ကျောင်းသားလူငယ်များဖြစ်ကြသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား မောင်ကျော်ထက်အောင် ( ခ ) တွံ့တေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား မောင်သက်အောင်မိုး (ခ) မိုးကြီး၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ မောင် မင်းခန့်ကျော်၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ မမိုးမြင့်ဇူတို့ကို စစ်တပ်က အကြမ်းရိုက်နှက်ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးရာတွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ စစ်တပ်က ဖမ်းဆီးမိသည်ဟု သတင်းလွှင့်ထားသဖြင့် ကျောင်းသားလူငယ်များ၏ အခြေအနေမှာ အသက်အန္တရာယ်စိုးရိမ်ရ ကြောင်း သိရှိရသည်။

“အခုကြားတာက ဝင်ဖမ်းတဲ့တိုက်ကနေပစ္စည်းတွေသယ်ချတယ်။ဆာလာအိတ် ၆ ထုပ်။ ရေခဲသေတ္တာအသေးစား စက္ကူဘူး ငွေရောင်စတိတ်ပိတ် ၁ထုပ်။ အဝါရောင်သေတ္တာတစ်လုံး။ လာဖမ်းတဲ့အဖွဲ့ကစစချင်း မျက်လုံး အဝတ်နဲ့စည်းလက်ထိပ်နောက်ပြန်ခတ်တစ်ဦး ဖမ်းတယ်။ ၂ ဦးကိုလမ်းမပေါ်မှာရိုက်နှက်စ စ်ဆေးတယ်။ နောက်ထပ် ၃ဦးထက်ဖမ်းခံရတယ်။ ခေါင်းအဝတ်အုပ်ဖမ်းမိတဲ့သူကို အိမ်စီးကားပေါ်တင်သွားတယ်။ မနက် ၁နာရီခွဲကျော်အထိ ဖမ်းတဲ့တိုက်အောက်မှာ ရဲနဲ့စစ်သားတွေ ဆက်လက်စောင့်နေဆဲလို့ သိရတယ်။ အခုက စစ်တပ်ဘက်ကတော့ ဖောက်ခွဲရေးမိတယ်ဆိုပြီး သတင်းလွှင့်တော့ ဖမ်းမိတဲ့ ကျောင်း သားတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတယ်” ဟု ဖြစ်စဉ်ကို အသေးစိတ်သိရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article