“ကိုယ်ကိုယ်ကျိုးအတွက် အမိန့်သုံးတာမျိုးမရှိခဲ့ဘူး။ခေါင်းဆောင်တစ်ယောက် ကိုယ်ကျိုးအတွက် အမိန့်ကို သုံးလိုက်ရင် အခုတော်လှန်နေတဲ့စကစ ဘာမှထူးတော့မှာမဟုတ်ဘူး။အဲဒီလိုမျိုးသုံးလိုက်ရင် အာဏာရှင် ဖြစ်သွားမယ်။”
တပ်ခွဲ အရာခံဗိုလ် နောဖော
By ရန်ကုန်ခေတ်သစ်
နိုင်ငံအာဏာကို မတရားလုယူထားတဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေသူတွေထဲမှာ အမျိုးသမီးတွေလည်း ရဲဝံ့စွဲ ပါဝင်တော်လှန်နေကြပါတယ်။
အဲဒီလိုတော်လှန်နေကြသူတွေထဲက အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF တပ်ခွဲ ၃ မှ တပ်ခွဲအရာခံဗိုလ် နော်ဖောလည်း ပါဝင်နေပါတယ်။
တပ်ခွဲ အရာခံဗိုလ် နောဖောရဲ့ တိုက်ပွဲအတွေ့အကြုံ အခက်အခဲ စိန်ခေါ်မှုတွေအကြောင်း စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ” အစီအစဉ်မှ ပြောပြပေးထားတာကို ပြန်လည်တင်ဆက်လိုက်ရပါတယ်။