26 C
Yangon

KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာပေါင်း ၄၁ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာပေါင်း ၄၁ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၂၉

KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း ၄၁ ရွာမှ သောင်းနှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် လယ်ဒိုမြို့နယ်၊ ခရုကုန်းရွာ၌ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉လက်အောက်ခံတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး နောက် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်း အနီးအနားရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် အလုံးရေ အများအပြား ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ရေတွင်းကုန်းကျေးရွာ သင်္ချိုင်းကုန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ လက်အောက်ခံ တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ အကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိကာ စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် မှ ၅ နာရီဝန်းကျင်အတွင်း ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ရေတွင်းကုန်းရွာအတွင်းကို လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ပြီး ရေတွင်းကုန်းရွာသား အသက် ၃၈ နှစ်အရွယ် ဇော်ဝင်းနိုင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရွာအတွင်းဝင်ရောက်လာစဥ် ထိခိုက် ဒဏ်ရာရရှိခဲ့သော ကိုဇော်ဝင်းနိုင်ကို ရိုက်နှက်ထိုးကြိတ်ထားခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ပွဲများနှင့် အကြမ်းဖက် စစ်တပ်၏ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အင်းပရိ၊ ကျောင်းကုန်း၊ ရေတွင်းကုန်း၊ ကန်ကလေး၊ ဝါချဲ၊ ပိန်းဇလုပ်ရွာမ၊ ပိန်းဇလုပ်မြို့၊ ပေါက်ကုန်း၊ ခင်ကန့်လန့်၊ ကညင်ကျိုး၊ ငဖယ်အင်း၊ ဘုရားငုတ်တို၊ တောင်ခင်၊ ကြိတ်ကွင်း၊ အလှိုင်၊ နွားရေချောင်း၊ သူဌေးကုန်း၊ ဘာဘူကုန်း၊ သာယာကုန်း၊ ဇီးကုန်း၊ ချွဲတလဲ၊ သမင်အင်းကုန်း၊ ဖျံတလင်း၊ ဘောဒီကွင်း၊ သင်္ကန်းချောင်း၊ ဝဲပျံကုန်း၊ ဇီးရေတွင်း၊ စဉ့်အိုးလာ၊ ပေါက်ပင်ကုန်း၊ နံဇ၊ တလဲခင်၊ ဖိုးတ၊ ချောင်းဝ၊ လက်ခံ၊ ဒိုးတန်း၊ ကျောက်စရစ်အနောက်ဘက်ကမ်း၊ နတ်တလင်း၊ ခြောက်သဲစု၊ ရှားစု၊ နတ်စင်ကုန်း၊ ဇရပ်ကုန်း စသည့်ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ၄၁ ရွာအနက်မှ နတ်စင်ကုန်း၊ ငါးဖယ်အင်း၊ ကန်ကလေး၊ ဝါချဲ၊ ဇရပ်ကုန်း၊ ခင်ကန့်လန့်၊ ကျောင်းကုန်း၊ ပိန်းဇလုပ်ရွာမ၊ လက်ခံနှင့် ကညင်ကျိုးစသည့် ကျေးရွာပေါင်း ၁၀ ရွာမှ အိမ်ခြေစုစုပေါင်း ၁၆၅၅ အိမ်၊ ကျား ၃၇၆၄ ဦး၊ မ ၄၀၆၃ ဦး၊ လူဦးရေ စုစုပေါင်း ၇၉၉၂ ဦးရှိပြီး ကျန်ကျေးရွာများ၏ အိမ်ခြေစာရင်းနှင့် လူဦးရေစာရင်းကို ပြုစုနေဆဲဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article