31 C
Yangon

သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းတို့ ထိခိုက်ပျက်စီး

Must read

သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းတို့ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင် KNU-ဗဟိုထံမှ သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ အမှတ် ၉ စခန်းက လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်းကြောင့် ခလောက်အင်းရွာသား အသက် ၃၇ နှစ်အရွယ် စောစောဦး နှင့် ထို့ကော်ကျိုးကျေးရွာသား အသက် ၄၈ နှစ်အရွယ် ကြည်ထွန်းတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အမှတ် ၉ စခန်းမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်မှုကြောင့် ဝီယော်ကျေးရွာရှိ လူနေအိမ် ၁၃ လုံးနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း၊ ကား ၂ စီး ထိခိုက် ပျက်စီးကာ နွား ၁ ကောင်သေပြီး နွား ၅ ကောင် လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article