32 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇူလိုင် ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၃၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကရင်ပြည်နယ်၊ ဘားအံမြို့အဝင်အနီးက အကြမ်းဖက် စစ်ကောင်စီတပ် အခိုင်အမာ တပ်စွဲထားတဲ့ သံလွင် တံတား စစ်ဆေးရေးဂိတ်ကို ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ကားမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခဲ့တာဖြစ်ပြီး ၊ အကြမ်းဖက် စစ်ကော်စီဘက်က ထိခိုက်သေဆုံးသူ များသွားတယ်လို့ ဘားအံ- GUERILLA FORCE မြို့ပြ စစ်ဆင်ရေး အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– မန္တလေးတိုင်း၊ သပိတ်ကျင်း-မြို့နယ်က သပိတ်ကျင်း-ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ရဲ့ စစ်သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေသွားတယ်လို့ သပိတ်ကျင်းတိုက်နယ် ပကဖ ခေါင်းဆောင် ဗိုလ်လင်းယုန်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စိုက်ပျိုးရေးရုံးမှာ ကင်းစောင့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက်နေ လက်ပစ်ဗုံး နဲ့ ပစ်သွင်း တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article