28 C
Yangon

ဓာတ်ပြားဟောင်း ဇတ်လမ်းဖြင့် စစ်ကောင်စီက အရေးပေါ်ကာလ နောက်ထပ် သက်တမ်း ၆ လတိုး ၊ တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လမ်းစဉ်ကို ဦးတည်ထား၍ လုံခြုံရေးအတွက် သက်တမ်း ၆ လတိုးဟု အကြောင်းပြ

Must read

ဓာတ်ပြားဟောင်း ဇတ်လမ်းဖြင့် စစ်ကောင်စီက အရေးပေါ်ကာလ နောက်ထပ် သက်တမ်း ၆ လတိုး ၊ တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လမ်းစဉ်ကို ဦးတည်ထား၍ လုံခြုံရေးအတွက် သက်တမ်း ၆ လတိုးဟု အကြောင်းပြ

ရန်ကုန်၊ ဇူလိုင် ၃၁

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက ဓာတ်ပြားဟောင်း ဇတ်လမ်းဖြင့် နိုင်ငံကို အရေးပေါ်ကာလ နောက်ထပ် သက်တမ်း ၆ လ တိုးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတဟု အမည်ခံထားသည့် မြင့်ဆွေ ဦးဆောင်သော ကာ/လုံအစည်းအဝေးသို့ ယခင်နှစ်များက တင်ပြသည့်အတိုင်း မဲမသာမှုများ ရှိကြောင်း၊ အကြမ်းဖက် တိုက်ခိုက်ခံနေရကြောင်း စသည့်ဖြင့် ဓာတ်ပြားဟောင်းဇတ်လမ်းကို ဖတ်ကြားပြ၍ ၂၀၂၃ ခုနှစ် ဩဂုတ်လ မှ ၂၀၂၄ ဇန်နဝါရီလအထိ သက်တမ်း ၆ လ ထပ်မံ တိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပရန် နည်းလမ်း ၂ ခုရှိပြီး ပထမတစ်ခုမှာ တည်ငြိမ်အေးချမ်းသော နေရာများတွင်သာ ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်ခေါ်ယူ အာဏာလွှဲရန်ဖြစ်ကြောင်း၊ စစ်တပ်မှ ၂၅ ရာခိုင်နှုန်း လွှတ်တော် တက်ရန် အဆင်သင့်ရှိကြောင်း၊ သို့ရာတွင် စစ်တပ်က အတင်းအကျပ် လွှတ်တော်ခေါ်၍ အာဏာ လွှဲပြောင်းသည်ဟု ပုံရိပ်မကောင်းကြေ‌ြာင်း၊ ဒုတိယနည်းလမ်းမှာ တစ်နိုင်ငံလုံး ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရန်ဖြစ်ပြီး ယင်းသို့ ကျင်းပခြင်းကသာ ပြည်သူ့ဆန္ဒသဘောထား ထင်မှတ်ကြောင်း၊ လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပရန် လုံခြုံရေး အခြေအနေအရ မဖြစ်နိုင်၍ စစ်တပ်က ဆက်လက် ကြိုးပမ်းသွားမည်ဟု မင်းအောင်လှိုင်က အကြောင်းပြသည်။

ယနေ့ ကာလုံအစည်းအဝေးသို့ NLD လွှတ်တော်ကိုယ်စားလှယ်များက ရွေး ကောက် တင်မြှောက်ထားသော ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပြီး စစ်ကောင်စီကို ထောက်ခံဆွေးနွေးသည်ဟု စစ်တပ်ဘက်က တရားဝင် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article