ရွှေဘိုမြို့ ရှောင်လမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရှောင်လမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၃၀ ရက် ည ၉ နာရီ ၅ မိနစ်ခန့်က ရွှေဘိုမြို့၊ မြို့ရှောင်လမ်းပေါ်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို ပဒေသာမိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဘီလူးညီနောင် မြို့ပြ စစ်ဆင်ရေးအဖြစ် နယ်စည်းမခြား ရွှေဘိုသားအဖွဲ့၊ ရွှေဘိုသခင်ကြီး၊ Naung Yoe Army တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။