30 C
Yangon

လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းတွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၂၀ ဦးသေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိကာ စစ်ကား ၁ စီး ပျက်စီး

Must read

လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းတွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၂၀ ဦးသေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိကာ စစ်ကား ၁ စီး ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၃၁

ကရင်နီပြည်နယ်၊ လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းတွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၂၀ ဦးသေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိကာ စစ်ကား ၁ စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် မိုးဗြဲ ဘက်မှ စစ်ယာဥ်တန်းကားများဖြင့် လွိုင်ကော်ဘက်ကို ဝင်ရောက်လာသည့် အကြမ်းဖက် စစ်သားများကို KA၊ KNDF B/02 ၊ KNDF B/14 ၊ KNDF B/12 ၊ KNF ETD နှင့် Loikaw PDF တို့ ပူးပေါင်းကာ စစ်ကြောင်းများခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး MA-1 ၅ လက် ၊ MA-2 စက်ကလေး ၁ လက် ၊ MA-3 ၂ လက် အပါအဝင် ဆက်စပ် ခဲယမ်း မီးကျောက်များနှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်း ရရှိကာ စစ်သုံးကား ၁ စီးကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ဖယ်ခုံ – မိုးဗြဲ လမ်းမကြီးမှ တစ်ဆင့် လွိုင်ကော်သို့ ဦးတည်၍ စစ်ယာဥ်တန်း ကားများဖြင့် အင်အားဖြည့် ဝင်ရောက်ခဲ့ရာတွင်လည်း မိုးဗြဲမြို့အထွက် လမ်းမကြီးတစ်လျှောက်တွင် KNDF B/03 နှင့်အတူ မိတ်ဖက်တပ်ဖွဲ့များမှ ကြားဖြတ်၍ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ကရင်နီပြည်နယ်အတွင် အကြမ်းဖက် စစ်တပ်က ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းမကြီးများကို အသုံးပြု၍ စစ်ယာဥ်တန်းကားများ အပြင် အရပ်သား ကားများဖြင့်ပါ အသွင်ယူ၍ အသုံးပြုဝင်ရောက်ခဲ့ပြီး လမ်းမကြီး တစ်လျှောက်ရှိ ကရင်နီပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ထိတွေ့တိုက်ပွဲများ နေ့စဥ်နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံ လမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်လျက် ရှိပြီး တော်လှန်ရေး ပူးပေါင်းတပ်များနှင့် ထိတွေ့မှုများ ရှိလာနိုင်သည့်အတွက် ယင်းလမ်းမကြီးကိုအသုံးပြု၍ သွားလာနေကြသော ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိရှိစွာဖြင့် မိမိလုံခြုံရေးကို အလေးထား သွားလာကြပါရန် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article