34 C
Yangon

ပခုက္ကူခရိုင်တွင် ဇူလိုင်လအတွင်း တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွားပြီး စစ်သား ၆၃ ဦးသေဆုံး

Must read

ပခုက္ကူခရိုင်တွင် ဇူလိုင်လအတွင်း တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွားပြီး စစ်သား ၆၃ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁

မကွေးတိုင်း၊ ပခုက္ကူခရိုင်တွင် ဇူလိုင်လအတွင်း တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွားပြီး စစ်သား ၆၃ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင်လအတွင်း ပခုက္ကူခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူ ခရိုင်တပ်ရင်းများနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပခုက္ကူခရိုင် အမှတ် တပ်ရင်း ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၉ တပ်ရင်းများနှင့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၅၅ ၊ တပ်မ ၇၇ ၊ တပ်မ ၉၉ ၊ တပ်မ ၁၀၁ ၊ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၊ ခလရ ၂၅၈ ၊ ခလရ ၂၅၁ ၊ ပျုစောထီး ပူးပေါင်း အင်အားများအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲများသည် မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ဆောမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်သား ၆၃ ဦး သေဆုံးခဲ့ပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article