စစ်တပ် တပ်စွဲထားသော မြောက်ဥက္ကလာပမြို့နယ် ခန်းမ မိုင်းခွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုများရှိ
ရန်ကုန်၊ ဩဂုတ် ၂
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်း မှတ်တိုင်အနီး မြောက်ဥက္က လာပမြို့နယ်ခန်းမတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို အဝေးထိန်း များအသုံးပြု၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း KMD18- မြို့ပြကျီးကန်း (Crow Squad)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီ ၃၃ မိနစ်အချိန် မြောက်ဥက္ကလာပမြိုနယ်၊ မြိုနယ် ခန်းမတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို အဝေးထိန်း မိုင်း များ အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီးတွင် စစ်တပ် ဘက်မှ ထိခိုက်မှုတချို့ရှိခဲ့ပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပစ် မှတ် ဆီ ဆေးရုံကားများ အပြေးလွှားသွားနေခဲ့ပြီး တစ်ဖက်တွင်လည်း စစ်တပ် က မြိုနယ်အနှံ ပိတ်ဆိုစစ်ဆေးမှုများ အပြေးအလွှားလုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါစစ်ဆင်ရေးကို KMD18- မြိုပြကျီးကန်း (Crow Squad)မှ “နွေဦး အောင်လံ” စစ်ဆင်ရေးအနေဖြင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ KMD18 အင်အားစုအနေဖြင့် မဟာမိတ်ညီနောင်များနှင့်အတူ အကြမ်းဖက်စစ်တပ်က ရန်ကုန်မြိုကို လုံးဝအုပ်ချုပ်ခွင့်မရအောင်နှင့် အဆုံးသတ်အောင်ပွဲရသည်အထိ ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
“မြောက်ဥက္ကလာပ၊ မော်ကျွန်း မှတ်တိုင်နားမှာ အသေစစ်နေတယ်။ အဲဒီမှတ် တိုင် နားမှာ မီတာရုံးရှိတယ်။တစ်ယောက် ယောက် သူတို့ကို လာပစ်သွားတယ် ထင်တယ်။အင်္ကျီ အနက်နဲ့ လူကိုရှာနေတာ ကြားတယ်ီနှစ်နေရာမှာ ပိတ်ရှာ နေတာက နောက်တစ်နေရာက ကြိမ်စင်္ကြာ ဘုရားကျော်လာရင် လမ်းဆုံ တစ်ခု ရှိတယ် ညာဘက်ချိုးရင် ကြိုးတံတား တစ်ခုရှိတယ်။အဲဒီနားမှာလည်း ပိတ်ရှာနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ယမန်နေ့ညပိုင်း ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြော ဆိုသည်။
မြောက်ဥက္ကလာအ၀ိုင်းအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးကမူ ယမန်နေ့ည ၉ နာရီ ၃၀ မိနစ်အချိန် ပေါက်ကွဲသော ဗုံးပေါက်ကွဲသံမှာ အလွန်ကျယ်လောင် ကြောင်း ပြောဆိုသည်။
“မကြားတာကြာပြီ။ အသံကတော့ အောင်ချက်။ အဝိုင်းလောက်က ပေါက်တဲ့ အသံ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ဓာတ်ပုံ- စစ်တပ်တပ်စွဲထားသော မြောက်ဥက္ကလာပမြို့နယ်ခန်းမ။ (ပုံအ ဟောင်း ဖြစ်သည်။)