30 C
Yangon

ဆားလင်းကြီး၊ ကျားတက်ရဲစခန်းနှင့် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်

Must read

ဆားလင်းကြီး၊ ကျားတက်ရဲစခန်းနှင့် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းအပါအဝင် စစ်ကြောင်းများကို လက်နက် ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁ ရက် နေ့ ညပိုင်းက အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်းထားသော ကျားတက်ရဲစခန်းကို ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း သိရ သည်။

“ကျားတက်ရဲစခန်းကို အဖွဲ့ ၅ ဖွဲ့ပေါင်းပြီး လက်နက်ကြီးနဲ့ထုခဲ့တာ၊ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းမရ သေးဘူးဗျ၊ ကျနော်တို့တွေမှာက ရံပုံငွေအခက်အခဲရှိနေတယ်ဗျ၊ တော်လှန်ရေး ကြာလာ တာနဲ့ အမျှ တော်လှန်ရေး လုပ်ငန်းဆက်လုပ်ကိုဖို့ လက်နက်ခဲယမ်းက ဈေးကြီးလာတယ်။ ရံပုံငွေစီးဆင်းမှုမရှိတဲ့ ပြသနာကြုံနေရတယ်။ ရိက္ခာကတော့ နယ်ဘက်မှာဆိုတော့ ဖြစ်သလိုနဲ့ မပူရပေမယ့် လက်နက်ခဲယမ်း၊ တော်လှန်ရေးပစ္စည်းတွေ ဈေးကြီးနေတာက ရံပုံငွေအပေါ် အခက်အခဲအများကြီးဖြစ်နေတယ်ဗျ” ဟု Royal Tiger Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Royal Tigaer Force ၊ ငဘပြောက်ကျားတပ်ဖွဲ့၊ Salingyi Special Task Force-SSTF ၊ Hundred လက်နက်ကြီးတပ်ဖွဲ့၊ ဗိုလ်တမာတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ပုသိမ်-မုံရွာလမ်းပိုင်းကူးလာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကိုလည်းကောင်း၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရေကြောင်းမှ ဆန်တက်လာသော သင်္ဘောများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- Royal Tiger Force တပ်ဖွဲ့ဝင် ၁ ဦး။

Royal Tiger Force တပ်ဖွဲ့ဝင် ၁ ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article