30 C
Yangon

မာရဝိဇယ (သို့မဟုတ်) မသွားရောက်၊ မဖူးသင့်တဲ့ မင်းအောင်လှိုင်တည်တဲ့ ကိုးနဝင်း ယတြာ ဘုရား အမည်ခံ ရုပ်တု

Must read

မာရဝိဇယ (သို့မဟုတ်) မသွားရောက်၊ မဖူးသင့်တဲ့ မင်းအောင်လှိုင်တည်တဲ့ ကိုးနဝင်း ယတြာ ဘုရား အမည်ခံ ရုပ်တု

By ရန်ကုန်ခေတ်သစ်

နေဝင်း၊ သန်းရွှေ ကစလို့ အခုနောက်ဆုံး အကြမ်းဖက် မင်းအောင်လှိုင်အထိ စစ်အာဏာရှင် အဆက်ဆက်ဟာ ဗေဒင်၊ ယတြာတွေသုံးပြီး အာဏာ တည်မြဲ ရေးနဲ့‌ သူတို့ ကျူးလွန်ခဲ့တဲ့ လူသတ် အကြမ်းဖက် စစ်ရာဇဝတ်မှုတွေကို ဖုံး ကွယ်ဖို့ ကြိုးစားနေကြပါတယ်။

မကြာသေးခင်က နေပြည်တော်မှာ အကြမ်းဖက် မင်းအောင်လှိုင် တည်ထားတဲ့ မာရဝိဇယ ဘုရားရုပ်တုဟာဆိုရင် ဗေဒင် ယတြာ ကိုးနဝင်း ၉ ဂဏန်းတွေနဲ့ ယတြာ ချေသွားတာကို တွေ့ရပါတယ်။

ဘုရားအနေကဇာတင်တဲ့နေ့ရက်ဟာ ပေါင်းချင်း ကိုးဂဏန်း ဖြစ်တဲ့ ၈ လပိုင်း ၁ ရက်နေ့( ၁+၈=၉) ဖြစ်ပြီး ဘုရားကို ထွင်းထုရာမှာလည်း ၉ ဂဏန်းနဲ့ ချိန်ကိုက် ထုဆစ်တာကို တွေ့ရပါတယ်။

မာရဝိဇယ ရုပ်တု တစ်ခုလုံးကို ပေါင်းခြင်း ၉ ဂဏန်း ရရှိတဲ့ ကိုးနဝင်းနဲ့ ကိုက်ညီ ပြီး တည်ထားတာမို့ ယတြာ ဘုရားတစ်ဆူဆိုရင် မမှားနိုင်ပါဘူး။ ဘုရားရုပ်တု ထုလုပ်မယ့် စကျင်ကျောက်တုံးကို စတင်သယ်ဆောင်ချိန်က ကျောက်တုံးကို ၉ ပိုင်းခွဲသယ်ခဲ့ပြီး ၉ ကြိမ်တိတိ အဆင့်ဆင့် သယ်ယူခဲ့ပါတယ်။

မာရဝိဇယရဲ့ ပလ္လင်တော်အမြင့်က ၁၈ ပေ ဖြစ်ပြီး ဥာဏ်တော်အမြင့်က ၆၃ ပေ ဖြစ်ပါတယ်။ ရုပ်တု အလေးချိန်က ၁၇၈၂ တန် ဖြစ်ပြီး ပလ္လင်တော် အလေးချိန် က ၃၅၁၀ တန် ဖြစ်ပါတယ်။ မာရဝိဇယရုပ်တုရဲ့ တစ်ခုချင်းစီ အတိုင်း အထွာတွေကို ပေါင်းရင်တော့ ယတြာ ၉ ဂဏန်းကို ရရှိပါတယ်။

ဒါ့အပြင် ကျောက်စာရုံ စေတီပေါင်း ၇၂၀ ဆူ တစ်ချိန်တည်း ထီးတော်တင်ခဲ့ပြီး ရုပ်တုကို စတင်ထုလုပ်ရာမှ ပြီးစီးတဲ့အထိ ၁၁၄၃ ရက်ကြာမြင့်ခဲ့ပါတယ်။ ဩဂုတ် လ ၁ ရက်နေ့ ဘုရားအနေကဇာတင်ရာမှာလည်း နိုင်ငံပေါင်း ၉ နိုင်ငံက သံဃာပေါင်း ၉၀၀ ကို ပင့်ဖိတ်ခဲ့ပါတယ်။ အဲဒီဂဏန်းတွေအားလုံးက ကိုးနဝင်း ၉ ဂဏန်းတွေနဲ့ ချိန်ညှိထားတာဖြစ်ပါတယ်။

မာရဝိဇယ ရုပ်တု အနေကဇာတင်တဲ့နေ့မှာပဲ အကျဉ်းသား ၇၇၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ လွှတ်ပေးတဲ့ အကျဉ်းသား အရေ အတွက် ကို ပြန်ပေါင်းရင်လည်း (၇+၇+၄+၉= ၂၇ ၊ ၂+၇= ၉) ကိုး ဂဏန်းပဲရပါတယ်။

မင်းအောင်လှိုင်က ဘုရားရုပ်တု ထုလုပ်ရာက စလို့ နောက်ဆုံး အနေကဇာ တင်ပြီး အထိမ်းအမှတ်အဖြစ် အကျဉ်းသား လွှတ်တာကအစ ကိုးဂဏန်း နဲ့ ကိုးနဝင်း ကြေအောင် ယတြာလုပ်သွားတာ တွေ့ရပါတယ်။

ဦးနေဝင်းက ယတြာအဖြစ် မဟာဝိဇယ စေတီ၊ သန်းရွှေက ယတြာအဖြစ် နေပြည်တော် ဥပ္ပါတသန္တိ စေတီ၊ အခုနောက်ဆုံး မင်းအောင်လှိုင်က မာရဝိဇယ ဘုရားရုပ်တုကို ထုလုပ်ခြင်းဖြစ်ပါတယ်။

သာသနာကို ကြည်ညိုလို့မဟုတ်ဘဲ မိမိ အာဏာတည်မြဲရေး၊ အကြမ်းဖက် သတ်ဖြတ် ထားတဲ့ အကုသိုလ်တွေကို ဖုံးဖိ ရေးအတွက် မင်းအောင် လှိုင် တည်ထားတဲ့ ယတြာဘုရား မာရဝိဇယ ရုပ်တုကို ပြည်သူတွေအနေနဲ့ သွားရောက် မဖူးကြဖို့နဲ့ ယောင်လို့တောင် အနားမသီသင့်ပါကြောင်း သတိပေးလိုက်ရပါတယ်။

အကုသိုလ်တွေနဲ့ တည်ထားတဲ့ အကုသိုလ် ရုပ်တုဟာ ဘုရားရယ်လို့ မည်စရာမရှိတာမို့ ပြည်သူတွေအနေနဲ့ ခပ်ဝေးဝေးရှောင်ခြင်းဖြင့် အကုသိုလ်မီး မကူးစက်အောင် ရှောင်ကြည်နိုင်ကြဖို့ အရေး နှိုးဆော်လိုက်ပါတယ်။

မင်းအောင်လှိုင်တည်တဲ့ ကိုးနဝင်း ယတြာ ဘုရား
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article