23 C
Yangon

ရေဦးရှိ ပိဋကကျရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၊ မူးသာကုန်းရွာမှ စစ်ဘေးရှောင် ပြည်သူ ၁ ဦး မြွေကိုက်ခံရပြီး သေဆုံး

Must read

ရေဦးရှိ ပိဋကကျရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၊ မူးသာကုန်းရွာမှ စစ်ဘေးရှောင် ပြည်သူ ၁ ဦး မြွေကိုက်ခံရပြီး သေဆုံး

ရန်ကုန်၊ သြဂုတ် ၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပိဋကကျရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် ရေဦးမြို့နယ်၊ ပိဋကကျရွာကို ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်က စစ်​ကြောင်းက ကျေးရွာနေပြည်သူ အသက် ၂၅ နှစ်အရွယ် သန်းဌေးအောင်ကို ပိဋကကျရွာ ခံသီးတောဘုန်းကြီးကျောင်းထဲ၌ လက်ပြန်ကြိုးတုပ်၍ ရိုက်နှက် စစ်ဆေး မေးမြန်းစဥ် သြဂုတ်လ ၁ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း သိရသည်။

“ပစ်သတ်ခဲ့တာ မဟုတ်ဘဲ စစ်ခွေးတွေက ပိဋကကျ ခံသီးတောဘုန်းကြီးကျောင်းထဲမှာ လက်ပြန်ကြိုးတုပ် ရိုက်နှက်စစ်ဆေးမေးမြန်းရင်း လက်လွန်သေဆုံးခဲ့ရတာပါ။ စစ်ခွေးတွေက လက်ပြန်ကြိုးတုပ်ပြီး အင်္ကျီ တုံးလုံးချွတ် ရိုက်နှက် စစ်မေးနေတုန်း သေသွားတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

ထို့ပြင် ရေဦးမြို့နယ် မူးသာကုန်းရွာမှ အသက် ၂၉ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး မြွေကိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရေဦးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဝင်ရောက် စီးနင်းမှုကြောင့် ညအချိန် စစ်ဘေးတိမ်းရှောင်ရသည့် မူးသာကုန်းရွာမှ အသက် ၂၉ နှစ်အရွယ် မခက်ခက်အောင် မြွေကိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းက ရေဦးမြို့ကနေ ၁၀ နာရီလောက် စထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းကြောင့် ရေဦးနယ်တောင်ဘက်ခြမ်း မူးသာကုန်းရွာက စစ်ဘေးတိမ်းရှောင် မခက်ခက်အောင် စစ်ရှောင်ရင်း မြွေကိုက်ခံရပြီး သေဆုံးသွားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article