24 C
Yangon

ဆားလင်းကြီး၊ ညောင်ပင်ကြီး ရဲစခန်းမှ စစ်သားများက ထန်းတောရွာအတွင်း ဝင်ရောက် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

Must read

ဆားလင်းကြီး၊ ညောင်ပင်ကြီး ရဲစခန်းမှ စစ်သားများက ထန်းတောရွာအတွင်း ဝင်ရောက် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းမှ အကြမ်းဖက် စစ်သားများက ထန်းတောကျေးရွာအတွင်း ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း BLDF ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ဇူလိုင် လကုန်ပိုင်းတွင် ဖောင်းကတာကျေးရွာမှ ကိုမြဝင်းနှင့် အမည်မသိ ပြည်သူ ၁ ဦးကို သေနတ်နှင့် ပစ်သတ်၍ ရုပ်အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဩဂုတ်လ ၂ ရက်နေ့တွင်လည်း စိုက်ပျိုးရေးဝန်ထမ်း အငြိမ်းစား ဦးဝင်အောင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး တင်ပါးကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

“ဦးဝင်းအောင် စိုက်ပျိုးရေးဝန်ထမ်း အငြိမ်းစား တင်ပါးအထက် ကျည်ထိမှန် ၃ ချက်ချုပ်ရပါတယ်။ ဩဂုတ်လ ၂ ရက်နေ့ကပါ။ ဇူလိုင်လ လကုန်ပိုင်းကလည်း ပြည်သူ ၂ ဦး ပစ်သတ်ခံရတယ်။ ကိုမြဝင်း ဖောင်းကတာကျေးရွာနဲ့ ကျန် ၁ ဦး အမည်မသိရသေးဘူး” ဟု BLDF ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ဆေးတပ်ဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ် ပစ်ခတ်သည့် ကျည်ထိမှန်သွားသည့် ဦးဝင်းအောင်ကို BLDF ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ဆေးတပ်ဖွဲ့မှ ၃ ချက်ချုပ်၍ ကုသမှုပေးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ညောင်ပင်ကြီးစခန်း အသိမ်းခံရပြီးနောက်ပိုင်းတွင် စခန်း ပြန်လည် တည်ဆောက်ရန်အတွက် အင်အားအလုံးအရင်းနှင့် တပ်စွဲထားပြီး ညောင်ပင်ကြီးစခန်း ဘေးပတ်ပတ်လည်ရှိ ကျေးရွာများကို အဝင်အထွက်လက်မခံဟူ၍ လုပ်ဆောင်နေကာ ကင်းလှည့်ခြင်း ကင်းပုန်းယူခြင်းများ ရှိကြောင်း၊ ကင်းလှည့်ရာတွင် ၎င်းတို့ မသင်္ကာသည့် ပြည်သူများကို လှမ်း၍ ပစ်ခတ်လေ့ရှိကြောင်းလည်း ဒေသပြည်သူများ ထံမှ သိရှိရသည်။

ထို့ပြင် ညောင်ပင်ကြီးစခန်းအနီးရှိ ထန်းတောရွာ ကူးတို့ဆိပ်ကို နေ့စဉ် စားဝတ်နေရေးအတွက် ကူသန်းသွားလာနေရသည့်ပြည်သူများကို အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်နေခြင်းဖြစ်ကြောင်းလည်း ဒေသပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article