မလေးရှားနိုင်ငံ၊ ဂျိုဟိုးစီနိုင်းမြို့တွင် တော်လှန်ရေး ရန်ပုံငွေ ရရှိရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၇
မလေးရှားနိုင်ငံ၊ ဂျိုဟိုးစိနိုင်းမြို့တွင် ညီညာစုရုန်း ၂၂၂၂၂ ပြည်ပထောက်ပို့အဖွဲ့က တော်လှန်ရေး ရန်ပုံငွေ ရရှိရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံး ပြိုင်ပွဲကို အသင်း ၁၄ သင်းပါဝင်ယှဉ်ပြိုင်ပြီး အသင်းအားလုံးထံမှ ရရှိထားသော မြန်မာကျပ်ငွေ သိန်း ၁၄၀ ကို တော်လှန်ရေးအဖွဲ့များထံ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်


